အိမ်ရာမြေကွက်ဖော်ထုတ်ရေးစီမံချက် အောင်မြင်ပြီးမြောက်ရေး ဆက်လက်ဆောင်ရွက်ပေးရန် အစီအစဥ် ရှိ /မရှိ နှင့် စပ်လျဥ်းသည့် မေးခွန်း

            လေးစားအပ်ပါသော အမျိုးသားလွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်တိုးချဲ့ရပ်ကွက်အဖြစ် အိုးအိမ်ဦးစီးဌာနက အိမ်ရာမြေဖော်ထုတ်ရေး စီမံချက် ရေးဆွဲကာ လွန်ခဲ့သော နှစ်အတန်ကြာက စနစ်တကျအကောင်အထည်ဖော် ဆောင်ရွက်ပေး ခဲ့တဲ့အတွက် အိုးအိမ်အတည်တကျ နေထိုင်ခွင်‌့ရခဲ့ကြသော အများပြည်သူတို့ဟာ ဝမ်းမြောက် ဝမ်းသာရှိနေကြပါတယ်။ သို့ရာတွင် မူလစီမံချက်မှာ အိမ်ရာမြေကွက်များ စနစ်တကျ ရေးဆွဲချ မှတ်ခဲ့သော်လည်း အပြည်‌့အဝနေရာချထား အကောင်အထည်ဖော်ဆောင် ပေးနိုင်ခဲ့ခြင်း မရှိခဲ့ပါ ကြောင်း၊ တိုးချဲ့မြို့သစ် ရပ်ကွက် မြေဧရိယာ၏လေးပုံတစ်ပုံခန့်မှာ ပလပ်မြေများအဖြစ် ယနေ့တိုင် ကျန်ရှိနေကြောင်းနှင်‌့ တပ်မတော်အစိုးရလက်ထက်မှာလည်း ကြက်ဆူပင် များစိုက်ပျိုးခဲ့ကြကြောင်း ဒေသခံများက တင်ပြခဲ့ကြပါတယ်။

            ဥက္ကဋ္ဌကြီးခင်ဗျား။ အဆိုပါ ပလပ်မြေများကို ခုတ်ထွင်ရှင်းလင်းပြီးတော့ မိမိတို့ မိသားစု နေထိုင်ရေး အဆင်ပြေစေရန်အတွက် သင်‌့လျော်သည်‌့ နေအိမ်များ ဆောက်လုပ်နေထိုင်သူ အများစု ရှိနေကြသကဲ့သို့ မိမိတို့ပိုင်မြေများအဖြစ်မှတ်ယူကာ မြေငှားစားသူများ၊ အိမ်ဆောက်၍ အိမ်ငှားစား သူများ၊ မြေကွက်များကို တရားမဝင်ပေါင်နှံရောင်းချခြင်းများ၊ ဝယ်ယူခြင်း၊ အနိုင်အထက်ပြုခြင်း၊ အိမ်ရာမြေကွက်များကို အပိုင်သိမ်းဆည်းရယူထားခြင်းများ၊ မြေလုမှုများ၊ ခြံစည်းရိုးနယ်နိမိတ် အငြင်းပွားမှုများဖြင်‌့ တိုးချဲ့မြို့ကွက်ဖော်ရန် ကျန်ရှိနေသည့် မြေကွက်များပေါ်တွင် ပြဿနာများစွာဖြင်‌့ ရှုပ်ထွေးလျက်ရှိနေပါကြောင်းဖြင်‌့ မိမိလွှတ်တော်အတွေ့အကြုံများရှင်းလင်းရန် နယ်မြေသို့ ကွင်းဆင်း ဆောင်ရွက်စဥ် မြေပုံအညွှန်းများနှင်‌့တကွ တင်ပြတိုင်ကြားခြင်း၊ လူကိုယ်တိုင် သော်လည်းကောင်း၊ စာဖြင်‌့သော်လည်းကောင်း မိမိတို့ဒေသဖွံ့ဖြိုး၊ အကျိုးစီးပွားလိုလားကြသူများက အကြိမ်ကြိမ် တင်ပြခဲ့ခြင်းများကြောင်‌့ ယခုကဲ့သို့ မေးမြန်းရန် အကြောင်းဆုံလာခြင်းဖြစ်ပါသည်။

            ၎င်းအပြင် အများပြည်သူတို့အတွက် ရပ်ကွက်အားကစားကွင်းအဖြစ် ဖော်ထုတ်ပေးရမည့် မြေနေရာကိုလည်း တာဝန်ရှိသူအဆင်‌့ဆင်‌့တို့က ရာသီအလိုက်သီးနှံများစိုက်ပျိုးရန်ချထားပေးတဲ့ အတွက်ကြောင့်‌့ ကစားကွင်းလည်း ကွယ်ပျောက်နေပါ၍ ပြန်လည်ဖော်ထုတ်ပေးပါရန် အလေးအနက် တင်ပြခဲ့ကြ၍ မိမိ ကိုယ်တိုင်ကွင်းဆင်းကြည်‌့ရှုကာ ဖြစ်ရပ်မှန်များကို မြင်တွေ့ခဲ့ရပါတယ်။

            ဥက္ကဋ္ဌကြီးခင်ဗျား။ အဆိုပါ ပလပ်မြေကွက်များပေါ်တွင် မရှိဆင်းရဲသား အများစုတို့မှာ လည်း အနေကြာခဲ့ပြီဖြစ်တဲ့အတွက် ငဲ့ညှာသောအားဖြင်‌့ တရားဝင်နေထိုင်ခွင်‌့ရရန်အတွက် ဆောင်ရွက်ပေးပါမည့်အကြောင်း မေတ္တာရပ်ခံတင်ပြလာခဲ့ကြပါတယ်။ ဤဖြစ်ရပ်များကို ပြန်လည် သုံးသပ်ကြည်‌့မယ်ဆိုပါက မြို့ကွက်သစ်ဖော်ထုတ်ရေးစီမံချက်ကို အောင်မြင်ပြီးမြောက်အောင် လုပ်ဆောင်နိုင်ခဲ့ခြင်းမရှိဘဲ အချိန်ကြာမြင်‌့စွာ လျစ်လျူရှုထားသကဲ့လိုဖြစ်ခဲ့တဲ့အတွက် မဖြစ်သင်‌့တဲ့ မြေယာပြဿနာများ ဖြစ်ပေါ်လာခဲ့ရခြင်း ဖြစ်ကြောင်း မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။

            အဆိုပါပလပ်မြေများပေါ်မှာရှုပ်ထွေးနေသော ဖြစ်ရပ်မျိုးစုံကို ကြိုတင်ဖြေရှင်း ဆောင်ရွက် ပေးနိုင်ရန်လိုအပ်လျက်ရှိကြောင်းကို မြို့နယ်အုပ်ချုပ်ရေးမှူးနှင်‌့တကွ ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ၊ မြေယာဌာနတာဝန်ရှိသူတို့အား မိမိအနေဖြင်‌့ အသိပေးအကြောင်းကြားထားပြီး ဖြစ်သော်လည်းအောက်ခြေတွင် တစ်စုံတစ်ရာအရေးယူဆောင်ရွက်ပေးခြင်း မရှိသေးပါကြောင်းဖြင်‌့ ဒေသအကျိုးစီးပွားကို လိုလားကြသည်‌့ ရပ်မိရပ်ဖများက ထပ်မံတင်ပြလာခဲ့ကြပြန်ပါတယ်။

        သို့ပါ၍ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်တိုးချဲ့ရပ်ကွက်မှာရှိတဲ့ မြို့မြေကွက်သစ် ဖော်ထုတ် စဥ်က ဆက်လက်အကောင်အထည်ဖော်ရန် ကျန်နေတဲ့မြေကွက်များနှင်‌့ စပ်လျဥ်းပြီးတော့ (၁) ပြန်လည်စိစစ်၍ မရှိနွမ်းပါးအနေကြာသူများအား ဦးစားပေးအစီအစဥ်ဖြင်‌့ ပြန်လည် ချထားပေးရန် အစီအစဥ်ရှိ/မရှိ သို့မဟုတ် တန်ဖိုးနည်းအထပ်မြင်‌့အိမ်ရာများဆောက်လုပ်၍ အမှန်တကယ်နေရေး အခက်အခဲကြုံနေကြသော ဒေသခံများအား ပြန်လည်နေရာချထားပေးရန် အစီအစဥ်ရှိ/မရှိ နှင်‌့ (၃)အိမ်ရာမြေကွက်ဖော်ထုတ်ရေး မူလစီမံချက် အောင်မြင်ပြီးမြောက်ရေးအတွက် ဆက်လက် ဆောင်ရွက်ပေးနိုင်မည့် အစီအစဥ်များကို သက်ဆိုင်ရာဝန်ကြီးဌာနက ဖြေကြားပေးနိုင်ပါရန် ဥက္ကဋ္ဌကြီးမှတစ်ဆင်‌့ လေးစားစွာ တင်ပြမေးမြန်းအပ်ပါတယ်