ဖလမ်းမြို့(၉)လုံးတွဲ အိုးအိမ် အိမ်ရာနေရာတွင် တန်ဖိုးနည်းအိမ်ရာများ တည်ဆောက်ပေးပြီး ဝန်ထမ်း များ၊ အငြိမ်းစားဝန်ထမ်းများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်သူများသို့ ရောင်းချပေးနိုင်ခြင်း ရှိ /မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ဒီအိမ်ရာစီမံကိန်းက Public Housing ပေါ့ နိုင်ငံတစ်နိုင်ငံမှာ စီစဥ်ဖို့ရန် အလိုအပ်ဆုံး တစ်ခု ဖြစ်ပါတယ်။ နိုင်ငံတကာမှာလည်း သူတို့ အမျိုးမျိုး ခေါ်ဝေါ်ပြီးတော့ Low Cost သို့မဟုတ် Afordable သို့မဟုတ် (Subsidized Housing ) ဆိုပြီးတော့ အမျိုးမျိုး ခေါ်ကြပါတယ်။ တန်ဖိုးနည်း၊ တန်ဖိုးမျှ တန်ဖိုးလျှော့ ဒါတွေကတော့ Inter Changable စကားလုံးတွေ ကြိုက်သလို သုံးပြီးတော့ လုပ်နေကြပါတယ်။ ဒါ တချို့နိုင်ငံတွေမှာတော့   Mortgage ပေါ့ ဘဏ်မှာ စာချုပ်သွားချုပ်ပြီးတော့ ပြည်သူတွေ အိမ်ရာ ပိုင်နိုင်အောင်ပေါ့ စီစဥ်ပေးပါတယ်။ ဒါက နိုင်ငံ တစ််နိုင်ငံမှာ လုပ်ဆောင်ရန် အတွက် အလိုအပ်ဆုံးတစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ အားနည်းတာကတော့ အိမ်ရာစီမံကိန်း Public Housing ဒီမှာ Plan ကောင်းကောင်းလေး မရှိဘူး။ ဆောင်ရွက်ချက်ကောင်းကောင်းလည်း မရှိဘူး။ ပြီးတော့ Land Used Policy ပေါ့ မြေယာ စီမံခန့်ခွဲမှု Policy မှာ  အားနည်းတယ်။

            ဒါကြောင့် ကျွန်တော်တို့ နိုင်ငံရဲ့ စီးပွားရေး မတည်ငြိမ်မှုတွေ  ဖြစ်ပါတယ်။ အရင်တစ်ခါလည်း လွှတ်တော် ကိုယ်စားလှယ်တစ်ယောက် မေးပါတယ်။ ပြည်သူလူထုတွေက  မြေကွက် ဘယ်လောက် ပိုင်လို့ ရတယ် သို့မဟုတ် ကုမ္ပဏီ အခွန်ဆောင်ပြီးသား တွေဆိုရင်တော့ ဘယ်လိုမျိုး စီမံခန့်ခွဲလို့ ရတယ်။ ဒါမျိုးတွေပေါ့ အဲဒီမှာ ကျွန်တော်တို့ အားနည်းတာ ကျွန်တော်တို့နိုင်ငံမှာ အိမ်ရာစီမံကိန်းနဲ့ Land Used Policy ပေါ့  ဒီဥပဒေတွေ အဲဒါတွေ ကောင်းကောင်းလေး လုပ်ဖို့ လိုအပ်သော စီမံကိန်းတွေ ဆွဲဖို့ လိုပါတယ်။ စင်ကာပူနိုင်ငံမှာတော့ သူတို့နိုင်ငံရဲ့  National Pride  ပေါ့ အိမ်ရာစီမံကိန်း အောင်ြမင်မှု က သူတို့နိုင်ငံရဲ့ နိုင်ငံတကာမှာ ဝါကြွားတဲ့ တစ်ခု ဖြစ်ပါတယ်။ သူက HDB လို့ခေါ်ပါတယ်။  သူ့နိုင်ငံသားတွေရဲ့ (၈၀)ရာခိုင်နှုန်းက HDB အိမ်ရာမှာ နေပါတယ်။  ဒီလိုမျိုး ဆောင်ရွက်ပေးလို့ရှိရင် ကျွန်တော်တို့ နိုင်ငံသားတွေက မရွှေ့မပြောင်းနိုင်တဲ့ ပိုင်ဆိုင်မှုတွေ ရလာမယ်။ ဒီလိုရလာခြင်းအားဖြင့် စီးပွားရေးအတွက်လည်း အထောက်အကူ ပြုလာတယ်။ ပေါင်နှံလုပ်လို့ ရတယ်။ SME  တွေ ဘာတွေလည်း လုပ်လို့ ရလာတယ်။ အထောက်အကူအမျိုးမျိုး ဖြစ်လာတယ်။ ပြီးတော့ ကျွန်တော်တို့ ဒီလိုလုပ်ခြင်းအားဖြင့် Financial Security လည်း ရှိလာမယ်။ အဲဒီလို ရှိလာတဲ့အတွက်ကြောင်‌့ ကျွန်တော်တို့ နိုင်ငံတစ်နိုင်ငံမှာပေါ့ Inflation ပေါ့ ငွေကြေးဖောင်ပွမှုကိုလည်း ကာကွယ်ပေးလာမယ်။ ဒီလိုအားဖြင်‌့ ကျွန်တော်တို့ရဲ့ နိုင်ငံတစ်ခုလုံးရဲ့ စီးပွားရေးလည်း  အထောက်အကူပြုလာတယ်။ ပြီးတော့  Social and Political Stability  လူမှုရေးနဲ့ နိုင်ငံရေး တည်ငြိမ်မှုတွေလည်း ဖြစ်စေလာတယ်။ ဒါ ကျွန်တော်တို့ နိုင်ငံမှာ အကောင်အထည်ဖော်ပြီးတော့  စနစ်တကျ လုပ်ဆောင်ဖို့ လိုတဲ့ဟာပေါ့နော် ဒါကတော့ နိုင်ငံတစ်နိုင်ငံမှာ ကျွန်တော်တို့ လုပ်ရမယ့် လုပ်ဆောင်ဖို့ လိုတဲ့အပိုင်း။

            အခုက ကျွန်တော့် မြို့နယ်မှာ ဒါမျိုးလည်း လုပ်ပေးဖို့ လိုတဲ့အပိုင်းကို ဒုတိယအပိုင်းအနေနဲ့ တင်ပြချင်ပါတယ်။  ကျွန်တော်တို့ ဖလမ်းမြို့ကတော့ သမိုင်းဝင်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဒီ နယ်ချဲ့တော်လှန်ရေးသမား ဗိုလ်ဆွန်ပက် ပေါ့ လွှတ်တော်ကိုယ်စားလှယ်များလည်း ကြားဖူးမှာပါ ပြီးတော့ ပင်လုံစာချုပ်မှာ လက်မှတ်ထိုးပေးတဲ့ ဦးလှိုရ်မှုန် တို့ အင်းစိန် တိုက်ပွဲ သူရဲကောင်း ဗိုလ်မှူးကြီး ဟရန်ထီးရိုး တို့ သူတို့ရဲ့ မြို့ ဖြစ်ပါတယ်။ ဒါ ရန်ကုန်နဲ့ နေပြည်တော်လို ပေါ့ အရင်တုန်းက တော့ ဖလမ်းမြို့က ချင်းပြည်နယ် မြို့တော် အခု ဟားခါးမှာ အုပ်ချုပ်ရေး   မြို့တော်ရှိပေမယ့်  သူ့ကို ဒီတိုင်း မထားခဲ့ သင်‌့ပါဘူး။ အဲဒီမှာ ကျွန်တော်တို့ မြို့မှာ ရပ်ကွက်သစ် ချပေးခြင်းတို့  တန်ဖိုးနည်း အိမ်ရာ ဆောက်လုပ်ပေးတာတို့ တိုးတက်လာရန် လုပ်ဆောင်ပေးမှု တစ်ခုမှ မရှိတဲ့အတွက်ကြောင်‌့ တိုးတက်သင့်သလောက် မတိုးတက်နိုင်ဘဲ ဆုတ်ယုတ် နေတာ တွေ့ရပါတယ်။ တိုးပွားတိုးတက်လာမည်‌့ လူဦးရေ များအတွက်ပေါ့ မြေယာစီစဥ်ပေးခြင်း၊ တန်ဘိုးနည်းအိမ်ရာဆောက်လုပ်ရောင်းချပေးခြင်း မရှိတဲ့ အတွက် သူက နည်းနည်းတိုးတက်လာရင် ပြည်ပသွားမယ် ဥပမာ နိုင်ငံခြားသွားမယ်ဆိုတော့ လူဦးရေကလည်း မတိုးတက်နိုင်ဘူး။ မြို့ကလည်း မတိုးတက်နိုင်ဘူး။ ဒါဟာ ကျွန်တော်တို့ ဖလမ်းမြို့နဲ့တကွပေါ့နော်။ ချင်းပြည်နယ််တစ်ခုလုံးပေါ့။ ဒါလူဦးရေတိုးပွားတိုးတက်လာပြီပေါ့။ တိုးတက်ဖွံ့ဖြိုးလာရန်အတွက် လုပ်ဆောင်ရန်လိုအပ်ချက် တစ်ခုမှာ ဒီတန်ဘိုးနည်းအိမ်ရာဆောက်လုပ် ရောင်းချခြင်း လည်း တစ်ခုဖြစ်ပါတယ်။

            ကျွန်တော်တို့ဖလမ်းမှာပေါ့ မြို့နယ်ခန်းမကနေပြီး ဘုန်းကြီးကျောင်းလမ်းတစ်လျှောက်မှာ (၉)လုံးတွဲအိမ်ရာတစ်ခုရှိပါတယ်။ ဒါမြို့လယ်ကျတဲ့နေရာ၊ မြေယာပြေပြစ်တဲ့နေရာ ဖြစ်ပြီးတော့ လက်ရှိအိုးအိမ်များကလည်း ဟောင်းနွမ်းပျက်စီးနေပါတယ်။ ဆိုတော့ဒီနေရာမှာ ဘုန်းကြီး ကျောင်းလမ်းနဲ့ ညီအောင်ပေါ့။ ‌ေမြကိုညှိပေးပြီးတော့ တန်ဘိုးနည်းအိမ်ရာ‌ေဆာက်လုပ်ပေးမယ်ဆိုရင် မြို့က ဖွံ့ဖြိုးတိုးတက်လာမှာြဖစ်ပါတယ်။ အခုဒီဂျာနယ်တွေမှာရော သတင်းတွေအမျိုးမျိုး ကြားနေ တယ်၊ ရန်ကုန်နဲ့တခြားမြို့ကြီးတွေမှာလည်း တန်ဘိုးနည်းအိမ်ရာတွေ ‌ေဆာက်လုပ်ပေးနေတာတွေ စီမံကိန်းတွေအများကြီးရှိနေတယ်ဆိုတာကို ကြားရတဲ့အတွက်ကြောင်‌့ ကျွန်တော်တို့ ဝမ်းသာပါတယ်။ ဒါမြို့ကြီးတွေမှာမဟုတ်ဘဲနဲ့ ကျွန်တော်တို့ နယ်မြို့တွေမှာလည်းပေါ့နော် နိုင်ငံတစ်နိုင်ငံလုံး၊ တစ်ပြည် လုံးအတိုင်းအတာမှာ ဒါမျိုးတစ်ပြေးညီဆောက်လုပ်ပေးရန်လည်း လိုအပ်ပါတယ်။

            ဒါကြောင်‌့အခုမေးခွန်းဖြစ်တဲ့ ဖလမ်းမြို့(၉)လုံးတွဲ အိုးအိမ်အိမ်ရာနေရာတွင် တန်ဖိုးနည်း အိမ်ရာများ တည်ဆောက်ပေးပြီး ဝန်ထမ်းများ၊ အငြိမ်းစားဝန်ထမ်းများ၊ လွှတ်တော် ကိုယ်စားလှယ်များ နှင့် ပြည်သူများသို့ ရောင်းချပေးနိုင်ခြင်း အစီအစဥ် ရှိ /မရှိ မေးမြန်းပါတယ်။