ကလေးမြို့ပေါ်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင် လမ်းတံတားများ တိုးချဲ့တည်ဆောက်ပေးရန် အစီအစဉ်ရှိ /မရှိ နှင့် စပ်လျဉ်းသည့်မေးခွန်း

ကျွန်တော်ကတော့ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၈) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးသိန်းလှိုင် ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ဟာ ဖွံ့ဖြိုးတိုးတက်မှု အလွန်မြန်ဆန်တဲ့ မြို့တစ်မြို့ ဖြစ်ပါတယ်။ ဖွံ့ဖြိုးစည်ကားလာတာနဲ့ အမျှ လမ်းပေါ်မှာလည်း ယာဥ်အစီးရေ မြောက်မြားစွာ ရှုပ်ထွေးသွားလာနေတာ ဖြစ်ပါတယ်။ မူလက ခင်းပေးထားတဲ့ လမ်းများ တံတားများဟာ ယခုအခါ ယာဥ်အစီးရေနဲ့ နှိုင်းယှဥ်ပါက များစွာ ကျဥ်းမြောင်းနေပြီ ဖြစ်ပါတယ်။ အထူးသဖြင့် ကလေးမြို့ရဲ့ မြောက်ဘက်အထွက်မှာဆိုရင် ကျွန်တော်တို့ ကလေးမြို့ ကလေးဒေသ ချင်းတောင်ဒေသ ပြည်မနဲ့ ဆက်သွယ်တဲ့ ယာကြီးလမ်းကို သွားတဲ့လမ်း ကလေးဝနဲ့  ဆက်သွယ််တဲ့လမ်း၊ တမူးမြို့တို့ မော်လိုက်မြို့တို့ ဆက်သွယ်တဲ့လမ်း ဖြစ်တဲ့အတွက်  ဒီလမ်းဟာဆိုရင် အထူးသဖြင်‌့ တော်တော်လေးကို ယာဥ်အန္တရာယ်တွေဖြစ် သေဆုံးမှုတွေ ဖြစ်တာတွေလည်း အများကြီး ရှိခဲ့ပါတယ်။

             ဒါကြောင်‌့မို့လို့ အဲဒီလမ်းက ကလေးမြို့ကနေ ကလေးဝကို ထွက်တဲ့လမ်းကို ကျွန်တော့်အနေနဲ့  လမ်းတင်မက တံတားတွေပါ တိုးချဲ့ပေးဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ လမ်းကို တိုးချဲ့ပေးရုံနဲ့လည်း ဒါ ကျွန်တော်တို့ ပြဿနာက ဖြေရှင်းနိုင်မှာ မဟုတ်ဘဲနဲ့ တံတားများပါ တိုးချဲ့ပေးမှ အဆင်ပြေမှာ ဖြစ်ပါတယ်။ တစ်ဖက်ကို  ကျွန်တော့်အမြင်‌ကတော့ တစ်ဖက်ကို (၆)ပေစီ လမ်းကိုလည်း  တစ်ဖက်(၆)ပေစီ (၁၂)ပေ တိုးချဲ့မယ် နောက်တစ်ခါ  တံတားတွေကိုလည်း အဲဒီလိုပဲ (၆)ပေစီ တိုးချဲ့ပေးမယ် ဆိုရင်တော့ အဆင်ပြေချောမွေ့မယ်လို့ ကျွန်တော့်အနေနဲ့ ယူဆပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော့်‌အနေနဲ့ ဥက္ကဋ္ဌကြီးမှတစ်ဆင်‌့ မေးမြန်းလိုသည်မှာ (၁) ကလေးမြို့ကနေ ကလေးဝအထွက် လမ်းကို (၆)ပေစီ  တိုးချဲ့ပေးရန် အစီအစဥ် ရှိ/ မရှိ နဲ့ တံတားများကိုလည်း (၆)ပေစီ တိုးချဲ့ပေးရန် အစီအစဥ် ရှိ/ မရှိ ပြည်သူလူထုကိုယ်စား မေးမြန်းအပ်ပါတယ်။