လားရှိုးမြို့နယ်၊ ဟူးမွန့်ကျေးရွာအုပ်စုအတွင်း စိုက်ပျိုးရေ ရရှိရန်အတွက် နမ့်လောင်းချောင်းမှရေကို နည်းပညာ စနစ်တကျဖြင့် ရေလွှဲဆည်၊ ရေလွှဲတူးမြောင်း တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

လားရှိုးမြို့၊ ရပ်ကွက်(၁၂)၊ နယ်မြေ(၁၆) အတွင်းမှာ နေထိုင်ကြတဲ့ တောင်သူ(၁၀)ဦးတို့ဟာ ဟူးမွန့်ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၉)ရှိ စိုက်ပျိုးဧက (၃၂.၆၃)ဧကခန့်ကို လွန်ခဲ့တဲ့ နှစ်ပေါင်း(၆၀)မှစတင်၍ ယနေ့အထိတိုင်အောင် သားစဥ်မြေးဆက် နေ့စဥ် စိုက်ပျိုးလုပ်ကိုင် စားသောက်ခဲ့တဲ့ လယ်မြေများဖြစ်ကြောင်း တင်ပြလိုပါတယ်ခင်ဗျား။  

            ဥက္ကဋ္ဌကြီးခင်ဗျား။ လယ်ယာမြေ စိုက်ပျိုးချိန်မှာ ရေရရှိရေးအတွက် နမ့်လောင်းခေျာင်းမှ ရေကို အမှီပြု၍ နှစ်စဥ် စိုက်ပျိုးခဲ့ရပါတယ်။ နမ့်လောင်းချောင်းမှရေကို စိုက်ပျိုးရေ ရရှိရန်အတွက် နည်းပညာအကူ မပါရှိဘဲ သစ်ခက် ဝါးခက်များဖြင့် နှစ်စဥ် ကိုယ်ထူကိုယ်ထ စနစ်ဖြင့်သာ တည်ဆောက်ပြီး လယ်ယာမြေစိုက်ပျိုးလုပ်ကိုင်နိုင်ရန်အတွက် ဆည်ကို တည်ဆောက်ခဲ့ခြင်း ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်၊ ရေကြီးရေလျှံမှု ဖြစ်ပေါ်တဲ့အပေါ်မှာ သက်ဆိုင်ရာစီမံခန့်ခွဲရေးအဖွဲ့မှ ချောင်းမြောင်း ပိတ်ဆို့၍ ရေကြီးခြင်းကြောင်‌့ ချောင်းမြောင်းများ ချဲ့ထွင်ခြင်း၊ အမှိုက်သရိုက်များ သန့်ရှင်းဖယ်ထုတ်ခြင်း၊  နုန်းမြေများ ရေစီးရေလာ ကောင်းမွန်အောင် ဆောင်ရွက်ပေးခဲ့ပါတယ်။ သို့ရာတွင် ရေကြီးရေလျှံမှု ဖြစ်ရခြင်းဟာ သစ်ခက်ဝါးခက်ဆက် ဆည်တည်ဆောက်ထားခြင်းကြောင့်ဟုဆိုကာ လယ်ယာမြေ ရရှိရေးအတွက် အသုံးပြုလျက်ရှိသော ဆည်န့ဲ ရေလွှဲတူးမြောင်းအား အသုံးပြုခွင့် ပိတ်ပင်တာမြစ်ခြင်း ခံခဲ့ရပါတယ်။

            ဥက္ကဋ္ဌကြီးခင်ဗျား။ လယ်မြေ စိုက်ပျိုးရန်အတွက်  ရေအခက်အခဲ ဖြစ်လာနိုင်ကြောင်းကို ထိုစဥ်အချိန်အခါက တောင်သူများ တင်ပြခဲ့သော်လည်း စိုက်ပျိုးရေ ရရှိရန်အတွက် သက်ဆိုင်ရာက တာဝန်ယူ ဖြေရှင်းပေးပါမည်ဖြစ်ကြောင်း ‌ေကာက်ကွေ့ဆည်မှ ရေများ လွှတ်ပေးမည့် အကြောင်း  ပြောဆိုခဲ့ပါတယ်။ သို့ရာတွင် ယခု လယ်မြေများဟာ ကောက်ကွေ့တူးမြောင်းရဲ့ အဖျားပိုင်းမှာရှိတဲ့  လယ်မြေများဖြစ်ပြီး ကောက်ကွေ့တူးမြောင်းမှ မြို့ရေပေးဝေရေး ဂါလံ(၁)သိန်း ရေကန်အား မြို့သောက်သုံးရေ ဖြည့်ဆည်းပေးပြီး ပိုလျှံမှသာ အဆိုပါလယ်ဧကများသို့ ဖြန့်ဝေရပါသဖြင်‌့ လည်းကောင်း ရေပေးမြောင်းမှ (၄)မိုင်ခန့် ရှည်လျားသဖြင်‌့ သဲနုန်း ပို့ချထားခြင်းကြောင်‌့ စိုက်ပျိုးရေ လုံလောက်စွာ မရခြင်း ဖြစ်ပေါ် ခဲ့ပါတယ်။ ယခုနှစ် စိုက်ပျိုးရာသီတွင် စိုက်ဧက စုစုပေါင်းရဲ့ တစ်ဝက်သာ ရရှိပြီး ကျန်ဧကတစ်ဝက်မှာ အခြားသီးနှံများ စိုက်ပျိုးခြင်း၊ ရေ မရရှိသော လယ်မြေများတွင် စိုက်ပျိုးရန် အခွင့်မသာသောကြောင်‌့ တောင်သူတွေအနေနဲ့ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရပါတယ်။

            ဥက္ကဋ္ဌကြီးခင်ဗျား။ Slide နဲ့ တင်ပြခွင့်ပြုပါခင်ဗျား။ ဒါကတော့ တောင်သူတွေ အားကိုး အားထားပြုပြီး လယ်ယာမြေ စိုက်ပျိုးတဲ့ နမ့်လောင်းချောင်း ပါခင်ဗျား။ ဒါကတော့ တောင်သူတွေ စိုက်ပျိုးထားပြီးတော့ ရေအပြည့်အဝ မရဘဲနဲ့ လယ်ကွင်းမှာ အဲဒီလို ပက်ကြားအက်နေတဲ့ပုံပါခင်ဗျား။ ထိုနည်းလည်းကောင်းပါပဲ ခင်ဗျား ဒါတွေကတော့ ရေမရရှိဘဲနဲ့ စိုက်ပျိုးပြီးသား ပျိုးပင်တွေ မအောင်တဲ့ အနေအထားမှာ တွေ့မြင်ရပါတယ်ခင်ဗျား။ ဒါကလည်း မအောင်တဲ့ပုံပါခင်ဗျား။ ဒါကတော့ လယ်ကွက်ထဲမှာ ရေ မရရှိဘဲနဲ့  ပြောင်းစိုက်ခင်း ဖြစ်သွာတဲ့ပုံ ထိုနည်းလည်းကောင်းပါပဲ၊ ဒါကလည်း လယ်ကွင်းထဲမှာ ရေ မရရှိဘဲနဲ့   တခြားသီးနှံစိုက်ခင်း စိုက်ရတဲ့ အနေအထားပါ ၊ ဒါကတော့ ကျွန်တော်တို့ တခြားစိုက်ခင်းလည်း စိုက်ဖို့ မအောင်မြင်ဘဲနဲ့ မြေလွတ် ဖြစ်သွားတဲ့ အနေအထားပါခင်ဗျား။  ဒါကတော့ တခြားသီးနှံစိုက်ခင်းနဲ့ စပါးစိုက်ခင်း ရောပြီးတော့ စိုက်ထားတဲ့ ပုံပါ။ ဒါကတော့ လုံးဝ ရေ မရရှိဘဲနဲ့ ဘာမှ စိုက်ပျိုးလို့ မရတဲ့ အနေအထားမှာ ရှိပါတယ်။ ဒါကတော့ ခုန ကျွန်တော် တင်ပြသလိုပါပဲ၊ အခြားသီးနှံ စိုက်ခင်းဖြစ်သွားတဲ့ လယ်ကွက်တွေပါ၊ ဒီပုံလေးကတော့ တောင်သူလယ်သမားတွေဟာ သူတို့ ရေမရရှိတဲ့အတွက်ကြောင်‌့ ဖြစ်သလိုနဲ့ ရှိတဲ့ ရေလေးနဲ့ ရေစုပ်စက်နဲ့ တင်ပြီးတော့ လယ်စိုက်ရဖို့အတွက် သူတို့ခင်ဗျာ  ဒီလို လုပ်သွားရပါတယ်ခင်ဗျား။ ထိုနည်းလည်းကောင်းပါပဲခင်ဗျား။ ဒါကတော့ နောက်ကျမှ စိုက်ရတဲ့ စပါးစိုက်ခင်းတွေပါ၊ ဒါကတော့ ပျိုးပင်တွေ အပိုအလျှံ ဖြစ်နေပြီးတော့ ကျွန်တော်တို့ စိုက်ပျိုးဖို့ ရေမရတာနဲ့ အလဟသ ဖြစ်သွားတဲ့ပုံစံ တွေ့နေရတာပါ။ ထိုနည်းလည်းကောင်း ပါပဲ၊ ဒီကောင်ကတော့ ရေရရှိတဲ့နေရာမှာ ကျွန်တော်တို့ စပါးပင်တွေ ဖြစ်ထွန်းတဲ့အနေအထားနဲ့ ပျိုးပင်တွေ ပိုနေတဲ့ အနေအထားတွေကို ပြခြင်းဖြစ်ပါတယ်ခင်ဗျား။ ဒီကောင်ကတော့ လယ်ထဲမှာ ကျွန်တော်တို့ ရေပေးဝေတဲ့ မြောင်းထဲမှာ ရေမရှိတဲ့အနေအထားပါ။ ဒါကလည်း ရေမြောင်းပါပဲခင်ဗျာ။ ဒါပေမဲ့ ရေကတော့ မရှိပါဘူး။

            ဒါကတော့ လယ်ထဲမှာ တောင်သူတွေ စိုက်နေတဲ့အနေအထားပါ။ ဒါကလည်း ရေမြောင်း ထဲမှာ ရေမရှိတဲ့ အနေအထားပါ။ ဒါကတော့ နမ့်လောင်းချောင်းနားက ရေလွှဲတူးမြောင်းအ‌ေဟာင်းကို သူတို့ ရေမြောင်းဖော်စဥ်တုန်းက ရေလွှဲတူးမြောင်းကို ဖို့ပစ်တဲ့ အနေအထားပါ ခင်ဗျား။ တော်တော်လေးကို ဖို့ထားတဲ့ အနေအထားမှာ ရှိပါတယ်။  ဒါကတော့ ကောက်ကွေ့ဆည်အား ပေးတဲ့ ရေပါ ခင်ဗျာ။ ဒါကတော့ လားရှိုးမြို့  ရေပေးဝေရေး ဂါလံ (၁)သိန်းကို ကောက်ကွေ့ဆည်ကနေ တစ်ဆင်‌့ ဂါလံ (၁)သိန်းထဲကို သွယ်ယူသွားတဲ့ လမ်းကြောင်းပါခင်ဗျာ။ အဲဒီလမ်းကြောင်းကို  ပိုလျှံ မှသာ ကျွန်တော်တို့ ဘေးကမြင်ရတဲ့ ရေမြောင်းကနေတစ်ဆင်‌့ ခုန ကျွန်တော် တင်ပြတဲ့ လယ်မြေကို ရောက်သွားတဲ့ အနေအထားမှာ ရှိပါတယ်ခင်ဗျာ။ ဒါပေမဲ့ အဲဒီချောင်းကတော့ နုန်းတင်နေပြီးတော့ လယ်မြေရောက်ဖို့ (၄)မိုင်လောက် ဝေးတဲ့အတွက်ကြောင့် သွားတဲ့ ရေတွေက အဲဒီချောင်းထဲမှာ ပျောက်သွားတဲ့ အနေအထားမှာရှိပါတယ်။ ဒါလည်း ခုနတိုင်းပါပဲ။

            ဒါကတော့ တောင်သူတွေ ရေရရှိဖို့ သူတို့ခင်ဗျာ ရေတူးမြောင်းကိုပဲ ဒီလိုပဲ ကြည့်နေတဲ့ အနေအထားမှာ မြင်တွေ့ရပါတယ်။ ထိုနည်းလည်းကောင်းပါပဲ။ ဥက္ကဋ္ဌကြီးခင်ဗျား။ လယ်ယာမြေ စိုက်ပျိုးရေးနဲ့ ဆည်မြောင်းဦးစီးဌာနမှာ မိုးရာသီတွင် ရပ်ကွက်အတွင်း ရေကြီးရေလျှံခြင်းမှ တားဆီး ကာကွယ်နိုင်မယ့်  နည်းလမ်းများနှင့်အတူ နည်းပညာစနစ်တကျနဲ့ ရေလွှဲဆည် တည်ဆောက် ပေးနိုင်မည် ဆိုပါက ကောက်ကွေ့တူးမြောင်းရဲ့ အဖျားပိုင်းမှာရှိတဲ့ တောင်သူများရဲ့ လယ်ရေ ဖြည့်သွင်း ပေးနိုင်မည် ဖြစ်ပါကြောင်း တင်ပြအပ်ပါတယ်ခင်ဗျား။

        သို့ဖြစ်ပါ၍ ဥက္ကဋ္ဌကြီးမှတစ်ဆင့် သက်ဆိုင်ရာဝန်ကြီးဌာနကို တောင်သူများရဲ့ကိုယ်စား မေးမြန်းလိုတဲ့ မေးခွန်းကတော့ (၁)နည်းပညာစနစ်တကျနဲ့ ရေလွှဲဆည်၊ ရေလွှဲတူးမြောင်း တည်ဆောက် ပေးရန် အစီအစဥ် ရှိ/ မရှိ သိလိုပါတယ်၊ (၂) နစ်နာဆုံးရှုံးမှု များစွာ ရှိခဲ့သော တောင်သူ(၁၀)ဦးအား မည်ကဲ့သို့ အထောက်အပံ့ ကူညီမှုမျိုးများ စီစဥ်ဆောင်ရွက်ပေးရန် အစီအစဥ် ရှိ/ မရှိ သိလိုပါတယ်။ (၃) အထက်ဖော်ပြပါ အချက်(၂)အား ဆောင်ရွက်ပေးရန် အစီအစဥ် ရှိပါက လာမည့် ခြောက်သွေ့ ရာသီတွင် ပြုလုပ်ပေးရန်  အစီအစဥ် ရှိ/ မရှိ သိရှိလိုပါတယ်ခင်ဗျား။ 