သံတောင်ကြီးမြို့နယ်အတွင်းရှိ မြို့(၄)မြို့ အတွက် သောက်သုံးရေ ဖူလုံစွာဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

သံတောင်ကြီးမြို့နယ်မှာ သံတောင်ကြီး၊ သံတောင်၊ ဘောဂလိ၊ လိပ်သို စတဲ့ မြို့လေးမြို့ရှိပါတယ်။ ဒီမြို့တွေကို စတည်တုန်းက ရွာကြီးသာသာလောက်ပဲ ရှိပြီးတော့ တောင်ကုန်းတွေပေါ်မှာတည်ထားပါတယ်။ သူတို့သောက်သုံးဖို့ရေဟာ ဒီလျှိုမြောင် တွေထဲက စိမ့်စမ်းရေကိုပဲ အားကိုးအားထားပြုပြီးတော့ သောက်သုံးရေ ရရှိကြပါတယ်။ ဒါပေမဲ့ ကြာလာတော့ မြို့အဆင့်လည်းတိုးမြှင့်လာရော လူနေအိမ်ခြေလည်း တိုးပွားလာတယ်။ လူဦးရေ တိုးပွားလာတဲ့အတွက်ကြောင်‌့ သောက်သုံးရေ ဖူလုံမှုမရှိတော့ပါဘူး။ အထူးသဖြင်‌့ သံတောင်ကြီးမြို့မှာ တောင်စခန်းမြို့ဖြစ်ပြီးတော့ နွေရာသီအချိန်မှာ ဧည့်သည်တွေ တော်တော်များများလာလည်၊ လည်ပတ် အနားယူကြတဲ့ မြို့ဖြစ်တယ်။ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းအတွက် အင်မတန် အလားအလာ ကောင်းတဲ့ မြို့လည်း ဖြစ်ပါတယ်။ ဒါပေမဲ့ နွေရာသီမှာရေရှားပါးမှုကြောင်‌့ ဒီဟိုတယ်နှင်‌့ ခရီးသွား လုပ်ငန်းဆောင်ရွက်နိုင်ခြင်း မရှိဘူးလို့ သိရပါတယ်။ အဲဒီတော့ ဒီမြို့လေးမြို့မှာ ဒီနွေရာသီ ရေရှားပါးမှု ဖြစ်တဲ့အတွက်ကြောင်‌့ မြို့သူမြို့သားတွေ၊ ပြည်သူတွေက ကိုယ်ထူကိုယ်ထစနစ်ဖြင်‌့ သော်လည်းကောင်း၊ အခြားအဖွဲ့အစည်းရဲ့အကူအညီဖြင်‌့သော်လည်းကောင်း၊ ရေရရှိရေးအတွက် ဆောင်ရွက်ကြသော်လည်း တစ်နေ့တခြားလူဦးရေတိုးပွားလာတဲ့အတွက် နွေရာသီအချိန်မှာ အင်မတန် ဒုက္ခရောက်ကြပါတယ်။ အဲဒါကြောင်‌့မို့လို့ ပြည်သူများရဲ့ကိုယ်စား မေးမြန်းလိုတာက သံတောင်ကြီး မြို့နယ် အတွင်းမှာရှိသော သံတောင်ကြီးမြို့၊ သံတောင်မြို့၊ လိပ်သိုမြို့နှင်‌့ ဘောဂလိမြို့များအတွက် သောက်သုံးရေဖူလုံစွာရရှိရန် နိုင်ငံတော်မှစီစဥ်ဆောင်ရွက်ပေးနိုင်မည်‌့ အစီအစဉ် ရှိ/ မရှိ။ (၂) စီစဥ် ဆောင်ရွက်ပေးနိုင်ပါက ၂၀၁၅/၂၀၁၆ ဘဏ္ဍာရေးနှစ်မှစ၍ စီစဥ်ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/ မရှိ သိရှိလိုပါကြောင်း ပြည်သူများရဲ့ကိုယ်စား အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင်‌့ လေးစားစွာ တင်ပြမေးမြန်းရြခင်းဖြစ်ပါတယ်။