မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့၏ ပင်လယ်ပြင် နှစ်နိုင်ငံနယ်နိမိတ်နှင့် ပတ်သက်သည့် မေးခွန်း

             ဒီမေးခွန်းကိုတော့ ကျွန်တော်ဟာ အပြည်ပြည်ပင်လယ်သမုဒ္ဒရာဥပဒေဆိုင်ရာ နိုင်ငံတကာ ခုံရုံး (International Tribunal for the law of the Sea) (ITLOS) က မတ်လ ၁၄ ရက်နေ့မှာ ဆုံးဖြတ်ချက်ချမှာသိလို့  ၂ ရက် ကြိုတင်ပြီး မတ်လ ၁၂ ရက်နေ့မှာ မေးခဲ့တာဖြစ်ပါတယ်။

             ရည်ရွယ်ချက်က ပြည်သူ့ကိုယ်စားလှယ်များ သတင်းကို ဦးစွာချက်ချင်း သိရှိစေရန် ဖြစ်ပါတယ်။ သို့ရာတွင် လွှတ်တော်တွင် ပြည်ထောင်စုအဆင့် တာဝန်ရှိသူက မဖြေကြားမီ မတ်လ ၁၅ ရက်နေ့ ညက မြန်မာ့ရုပ်မြင်သံကြား သတင်းတွင်လည်းကောင်း၊ မတ်လ ၁၆ ရက်နေ့က အစိုးရ သတင်းစာများတွင် ကြေညာပြီးဖြစ်၍ လည်းကောင်း၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးက ပြည်သူ့ လွှတ်တော်တွင် ရှင်းလင်းအသိပေးပြီးဖြစ်၍လည်းကောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ အတိုင်းအတာ တစ်ခုအထိ သိရှိကြပြီးဖြစ်ပါတယ်။ အခုအခါ ပိုမိုပြည့်စုံရန် ပြည်ထောင်စုအဆင့် တာဝန်ရှိသူက ဖြေကြားမှာဖြစ်တဲ့အတွက် ဤမေးခွန်းကို ကျွန်တော့်အနေနဲ့ မေးကြားရခြင်းဖြစ်ကြောင်း ဦးစွာ ရှင်းလင်းတင်ပြအပ်ပါတယ်။

            မေးခွန်းကတော့ ၁၉၇၀ ခုနှစ်နောက်ပိုင်း အိန္ဒိယနိုင်ငံနှင့် အရှေ့ပါကစ္စတန်နိုင်ငံတို့ ဖြစ်ပွားခဲ့သော စစ်ပွဲအပြီးတွင် ပေါ်ပေါက်လာခဲ့သော ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့ နယ်နိမိတ်ချင်း ထိစပ်လာခဲ့သဖြင့် ပင်လယ်ပြင်နယ်နိမိတ်ကို ညှိနှိုင်းဆွေးနွေးခဲ့ကြရာ သဘောတူညီမှု မရရှိခဲ့ကြပါ။ မြန်မာနိုင်ငံဘက်မှ နှစ်နိုင်ငံကုန်းမြေကနေ တူညီတဲ့အကွာအဝေးအတိုင်း (Law of equal distance) မူကို အသုံးပြု၍ True Medium Line အတိုင်းနယ်နိမိတ်ကို တောင်းဆိုခဲ့ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ၎င်းတို့အတွက် ပင်လယ်ပြင်ထွက်ပေါက် အခက်အခဲရှိကြောင်း ဖော်ပြကာ မိတ်ဆွေအဖြစ်ငဲ့ညှာ၍ Friendship Line ကို သတ်မှတ်တောင်းဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံဘက်မှ သဘောတူညီခြင်းမရှိခဲ့၍ မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရလက်ထက်တွင် နှစ်နိုင်ငံနယ်နိမိတ် သတ်မှတ်ခြင်းမပြုနိုင်ဘဲ ရပ်တန့်နေခဲ့ပါတယ်။ ၁၉၇၄-၁၉၇၅ ခုနှစ်များတွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရလက်ထက်၌ အမေရိကန်၊ ပြင်သစ်နှင့် ဂျပန်နိုင်ငံ ရေနံကုမ္ပဏီများက ရခိုင်ကမ်းလွန်တွင် ၈ ကြိမ်တိုင်တိုင် ရေနံနှင့် သဘာဝဓါတ်ငွေ့ရှာဖွေရေးတွင်းများ တူးဖော်ခဲ့ရာ (Hydro Carbon) တွေ့ရှိခြင်းမရှိခဲ့ပါ။ အောင်မြင်မှုမရှိခဲ့ပါ။ ထို့နောက် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေး ကောင်စီအစိုးရလက်ထက် ၂၀၀၀ ခုနှစ်တွင် စွမ်းအင်ဝန်ကြီးဌာနမှ နိုင်ငံခြားရေနံကုမ္ပဏီများနှင့် Production Sharing Contract စာချုပ်များချုပ်ဆို၍ ဖက်စပ်ပြီး ရေနံနှင့်သဘာဝဓါတ်ငွေ့ ရှာဖွေရေးအစမ်းတွင်းများ ကြိုးပမ်းတူးဖော်ခဲ့ရာ ၂၀၀၄ ခုနှစ် ဇန်နဝါရီလတွင် သဘာဝဓါတ်ငွေ့သိုက်ကို စီးပွားဖြစ်တွေ့ရှိခဲ့ပါတယ်။ ထိုအချိန်ကျမှ တစ်ဖက်နိုင်ငံက နိုင်ငံရဲ့ လူမှုစီးပွားရေး အခြေအနေ စတဲ့အခြားအခြေအနေ အရပ်ရပ်ကို ထည့်သွင်းစဉ်းစားဆုံးဖြတ်တဲ့ စာနာညီမျှမှု (Law of Equality) အတိုင်း နယ်နိမိတ်တိုးချဲ့တောင်းဆို ခဲ့ခြင်းဖြစ်ပါတယ်။ ယခုအခါ အပြည်ပြည် ပင်လယ် သမုဒ္ဒရာဥပဒေဆိုင်ရာ တရားရုံး ( International Tribunal for the law of  the Sea) (ITLOS) က နှစ်ဖက်လျောက်ထားချက်များကို ကြားနားပြီး ၂၀၁၂ ခုနှစ် မတ်လ ၁၄ ရက်နေ့မှာ အပြီးသတ် ဆုံးဖြတ်ချက် ချမှတ်ပြီးဖြစ်လို့ မြန်မာနိုင်ငံက ရှာဖွေတွေ့ရှိထားတဲ့ (A1)/(A3)သဘာဝဓာတ်ငွေ့ သိုက်များနှင့် လွတ်ကင်းခြင်း ရှိ မရှိနှင့် နယ်နိမိတ် ဆုံးဖြတ်ချက် အခြေအနေတို့ကို မြန်မာပြည်သူ ပြည်သားများသို့ ဤလွှတ်တော်မှတစ်ဆင့် ဖြေကြားပေးနိုင်ပါရန် မေးမြန်းတင်ပြအပ်ပါတယ်ခင်ဗျား။