တရားဝင်ငွေလဲကောင်တာများမှ အကန့်အသတ်များကို ဖယ်ရှားရန် လိုအပ်လာပြီး ပြင်ပတရားမဝင် ငွေလဲဒိုင်များလည်း ကွယ်ပျောက်သွားနိုင်စေရန်နှင့် စပ်လျဉ်းသည့်မေးခွန်း

       ကျွန်တော် အခု မေးမယ့်မေးခွန်းကို လွန်ခဲ့သော တစ်လကျော်က ပေးပို့တာဖြစ်တဲ့အတွက် ယခုအချိန်မှာ ကျွန်တော် မေးခွန်းနှင့်ပတ်သက်ပြီးတော့ အပြောင်းအလဲတချို့ရှိပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းမှာ လှည့်လည် သုံးစွဲလျက်ရှိကြတဲ့ နိုင်ငံခြားငွေများဟာ အမေရိကန်ဒေါ်လာ၊ စင်ကာပူဒေါ်လာ၊ တရုတ်ယွမ်၊ ယူရိုငွေ စသည်ဖြင့် အမျိုးမျိုးရှိကြပါတယ်။ နိုင်ငံခြားသွားရန်အတွက် လေယာဉ်လက်မှတ် ဝယ်ယူရာတွင် လည်းကောင်း၊ နိုင်ငံခြားသို့ အကြောင်းအမျိုးမျိုးကြောင့် သွားရောက်ရမည့်သူများ သက်ဆိုင်ရာသံရုံး များတွင် လျှောက်ထားကြရသည့် ဗီဇာကြေးအစရှိသည်များကို နိုင်ငံခြားငွေများနှင့် ပေးချေကြရပါ တယ်။ မြန်မာနိုင်ငံမှာ လာရောက်လုပ်ကိုင်လျက်ရှိကြတဲ့ ပြည်ပကုမ္ပဏီများ ဥပမာ NGO၊ ဆေးကုမ္ပဏီ စသည်တို့တွင် လုပ်ကိုင်လျက်ရှိကြသည့် နိုင်ငံသားဝန်ထမ်းအချို့မှာ လစာများကို နိုင်ငံခြားငွေ သို့မဟုတ် FEC များနဲ့ လက်ခံရရှိပါတယ်။ ရရှိသည့်နိုင်ငံခြားငွေများကို မြန်မာကျပ်ငွေများဖြင့် လဲယူရပါတယ်။ ထိုကဲ့သို့ရရှိသော နိုင်ငံခြားငွေများကို လဲလှယ်ရာတွင် တရားဝင်ဖွင့်လှစ်ထားသော ပုဂ္ဂလိကဘဏ် Money Changer ကောင်တာများတွင် လဲလှယ်ရာတွင် အကန့်အသတ်များသဖြင့် ပြင်ပတရားမဝင် ငွေလဲဒိုင်များတွင် လဲလှယ်ကြရပါတယ်။ ထိုသို့ လဲလှယ်ရာတွင် ပြင်ပငွေလဲဒိုင်များ မှနေ၍ မတန်တဆ ဈေးနိမ်၍သော်လည်းကောင်း၊ နည်းမျိုးစုံတို့ဖြင့် လိမ်လည်၍ လည်းကောင်း ခေါင်းပုံဖြတ်၍ ပြုလုပ်လျက်ရှိကြတာကို တွေ့ရပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများလာသည်နှင့် အမျှ နိုင်ငံခြားငွေများြဖင့် လစာရရှိကြသူများ ပိုမိုများပြားလာမည်ဖြစ်ပါတယ်။ ယခုအခါ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးမှ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေကို အတည်ပြု ပြီးဖြစ်ပါသဖြင့် ၎င်းဥပဒေကို ၂၀၁၂ ခုနှစ် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် (၁၂) အဖြစ်    ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၁၀ ရက်နေ့စွဲဖြင့် နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးပြီး ဖြစ်ပါတယ်။

        ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်မေးမယ့်မေးခွန်းကတော့ တရားဝင်ငွေလဲကောင်တာများမှ အကန့်အသတ်များကို ဖယ်ရှားရန် လိုအပ်လာပါသဖြင့် ထိုအကန့်အသတ်များကို ဖယ်ရှားပေးနိုင်ရန် အစီအစဉ်ရှိ၊ မရှိနှင့် ပြင်ပတရားမဝင် ငွေလဲဒိုင်များ ကွယ်ပျောက်သွားအောင် မည်သို့ ပြုလုပ်ပေးနိုင် မည်ကို သိရှိလိုပါကြောင်း မေးမြန်းအပ်ပါတယ်ခင်ဗျား။ 