မြန်မာနိုင်ငံ အဆောက်အအုံဆိုင်ရာ ကိုဓဥပဒေ ( Myanmar National Building Code) ကို ပြုစုထုတ်ဝေ၍ ကိုဓဥပဒေ ပြဋ္ဌာန်းချက်များပါအတိုင်း လိုက်နာကျင့်သုံးစေရေး ဆောင်ရွက်နိုင်ပါရန်


လေးစား အပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီး၊ ပြည်ထောင်စု အစိုးရအဖွဲ့ ဒုတိယဝန်ကြီး၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များအားလုံး ကျန်းမာရွှင်လန်းကြပါစေလို့ ဦးစွာ နှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော်ကတော့ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးမြင့် ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ဥက္ကဋ္ဌကြီးရဲ့ ခွင့်ပြုချက်အရ မြန်မာနိုင်ငံ အဆောက်အအုံ ဆိုင်ရာ ကိုဓဥပဒေ (Myanmar National Building Code) ကို ပြုစုထုတ်ဝေ၍ ကိုဓဥပဒေ ပြဋ္ဌာန်းချက်များပါအတိုင်း လိုက်နာကျင့်သုံးစေရေး ဆောင်ရွက်နိုင်ပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို ဆွေးနွေးတင်ပြသွားမှာ ဖြစ်ပါတယ်။

                လေးစားရပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ယနေ့မြန်မာနိုင်ငံဟာ ဒီမိုကရေစီစနစ် ကူးပြောင်း တည်ဆောက်ရေး လမ်းကြောင်းပေါ်မှာ ခရီးနှင်ရင်း နိုင်ငံတော်အား ဘက်စုံဖွံ့ဖြိုးတိုးတက်စေဖို့ နိုင်ငံ တကာ အဖွဲ့အစည်းများရဲ့ အထောက်အပံ့ အကူအညီများ ရရှိရေးနဲ့တကွ ပြည်တွင်း/ပြည်ပမှ စီးပွား ရေး ရင်းနှီးမြှုပ်နှံမှုများကိုပါ ဖိတ်ခေါ်ပူးပေါင်းဆောင်ရွက်လျက်ရှိနေတာ တွေ့ရှိရမှာ ဖြစ်ပါတယ်။ သိသာထင်ရှားတဲ့ မြင်ကွင်းကတော့ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်လျက်ရှိနေတဲ့ အခြေခံ အဆောက်အအုံများ ဖြစ်ထွန်းပေါ်ထွက်လာစေရေး နှစ်တို/နှစ်ရှည်စီမံကိန်းများ ချမှတ်ဆောင်ရွက် လျက်ရှိတဲ့ ရုပ်ပုံလွှာဖြစ်ပါတယ်။ ဒီစီမံကိန်းများအနက် လူမှု့စီးပွားရေး မြင့်တင်ရာမှာ အဓိကပါဝင်တဲ့ ဆောက်လုပ်ရေးကဏ္ဍ ဖွံ့ဖြိုးမှုနဲ့ ဆက်စပ်လျက် လုံးချင်းမှသည် အထပ်မြင့်လူနေအိမ်ရာ ဖွံ့ဖြိုးမှု (Single to Middle Level Storeyed Buildings Development) အထပ်မြင့် လူနေ အဆောက်အအုံများဖွံ့ဖြိုးမှု၊ (High-rise Buildings Development)။ ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံ မှုအစီအစဉ်များဖြင့် ဆောင်ရွက်တဲ့စီးပွားရေးနဲ့ ဆက်စပ် အခြေခံအထပ်မြင့် အဆောက်အအုံများ ဖွံ့ဖြိုးမှု၊ (Commercial  High-rise Buildings Development) စသည် စသည်တို့ ဖြစ်ကြပါတယ်။

                အခုလို ဖြစ်ပေါ်လာရတာကလည်း ခေတ်အရွေ့ သဘောတရားအရရှိပြီး မြို့ကြီး၊ မြို့ငယ် များ၊ ကျေးရွာများ တိုးချဲ့ထူထောင်လာခြင်းအောက်မှာ မြို့၊ ရွာ အတော်များများဟာ အရင်ကကဲ့သို့ မဟုတ်ဘဲ ပြောင်းလဲလာခြင်း၊ လူဦးရေ တိုးပွားလာခြင်း၊ အဆောက်အအုံ တော်တော်များများဟာ ကျောက်ပန်းရန် (Masonry)၊ အုတ်ပန်းရန် (Brickwork) ကွန်ကရစ် အမျိုးအစား ပြောင်းလဲ တည်ဆောက်လာခြင်းတို့ကြောင့် ဖြစ်ပါတယ်။ ပြည်ထောင်စုအစိုးရ တာဝန်ယူခဲ့ချိန်မှ လက်ရှိအချိန် အထိ ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်းမှာ အဆိုပါ အဆောက်အအုံကြီးများ အကောင်အထည်ဖော်မှုမှာ နှစ်အလိုက် ကျယ်ကျယ်ပြန့်ပြန့် ဖွံ့ဖြိုးလာမှုနဲ့ ဆက်စပ်ပြီးတော့ အထပ်(၁၂)ထပ်နှင့် အထက် အဆောက်အအုံများ တိုးတက်လာမှုကို ကျွန်တော် Slide (1)ဖြင့် တင်ပြအပ်ပါတယ်။

                ကျွန်တော်တို့ ၂၀၁၁ ခုနှစ်မှာဆိုရင် ရုံးများ၊ စျေးဝယ်စင်တာများ၊ ဟိုတယ်များနှင့် လူနေ အိမ်ရာ (၁၇)လုံး၊ ၂၀၁၂ ခုနှစ်မှာ (၁၈)လုံး၊ ၂၀၁၃ ခုနှစ်မှာ (၂၆)လုံးနဲ့ ၂၀၁၄ ခုနှစ်၊ မေလ အထိ မှာဆိုရင် (၁၃)လုံးအထိ ရှိလာတာ တွေ့ရှိရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် စျေးကွက်စီးပွားရေး နယ်ပယ် ဆိုင်ရာ အထပ်မြင့် အဆောက်အအုံများဖြစ်ကြတဲ့ ဌာနဆိုင်ရာ ရုံးများ၊ ကုမ္ပဏီများ၊ အများပြည်သူ စျေးဝယ်စင်တာများ (Shopping Malls)၊ ဟိုတယ်များ ဖွံ့ဖြိုးတိုးတက်လာမှုတို့ကိုလည်း Slide (2 ) နဲ့ ကျွန်တော် ဖော်ပြထားပါတယ်။

                စုစုပေါင်း ၂၀၁၁ ခုနှစ်မှာ (၄)လုံး၊ ၂၀၁၂ ခုနှစ်မှာ (၁၀)လုံး၊ ၂၀၁၃ ခုနှစ်မှာ (၁၅)လုံးနဲ့ ၂၀၁၄ ခုနှစ်၊ မေလအထိမှာ (၇)လုံးရှိတာ တွေ့ရှိရမှာ ဖြစ်ပါတယ်။ မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာ နဲ့ စာရင်းပြုစုပါက လုံးချင်းတစ်ထပ်၊ နှစ်ထပ်စတဲ့ လူနေအိမ်ရာများနဲ့ အထပ်မြင့် အဆောက်အအုံကြီး များ အရေအတွက်ဟာ ရန်ကုန်မြို့တော်ရဲ့ (၃)ဆမှ (၄)ဆခန့်အထိရှိမယ်လို့ ခန့်မှန်းပါတယ်။

                ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်ဆွေးနွေးတင်ပြခဲ့တဲ့အတိုင်း လူနေအဆောက်အအုံများနဲ့ စီးပွား ရေး ဆက်စပ် အထပ်မြှင့်အဆောက်အအုံကြီးများ ဖွံ့ဖြိုးမှုအကောင်အထည်ဖော်လုပ်ဆောင်ရာမှာ ကမ္ဘာ့ ဖွံ့ဖြိုးပြီးနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံအသီးသီးမှာ အဆောက်အအုံ အတန်းအစားအလိုက် (Level-wide)  အဆောက်အဦဆိုင်ရာကိုဓဥပဒေများ (Budling Codes) ပြဋ္ဌာန်းထားပြီးတော့ ယင်းပြဋ္ဌာန်းချက်များပါ အတိုင်းလည်း လိုက်နာကျင့်သုံးစေလျက် ရှိပါတယ်။ မြန်မာနိုင်ငံနဲ့ ဆက်စပ် ပူးပေါင်းပါဝင်လျက် ရှိကြတဲ့ ဖွံ့ဖြိုးပြီးနိုင်ငံကြီးများဖြစ်တဲ့ တရုတ်၊ အိန္ဒိယ၊ တောင်ကိုရီးယား၊ ဂျပန် တို့ဟာလည်းကောင်း၊ အာဆီယံ နိုင်ငံများဖြစ်ကြတဲ့ ထိုင်း၊ ဗီယက်နမ်၊ မလေးရှား၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် စတဲ့နိုင်ငံများဟာ လည်းကောင်း အမျိုးသားအဆင့် အထပ်မြင့်အဆောက်အအုံများ အလယ်အလတ်အဆောက်အအုံများ၊ မြို့နယ်နဲ့ ကျေးရွာအဆင့်အဆောက်အဦဆိုင်ရာ ကိုဓဥပဒေများကို ပြဋ္ဌာန်းကျင့်သုံးလျက် ရှိနေတာလေ့လာသိရှိ ရပါတယ်။ တောင်ပေါ်ကုန်းတွင်းပိတ်  နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ နီပေါနိုင်ငံမှာပင် အဆင့် သတ်မှတ်ကိုဓဥပဒေ (levelled Codes)ကို မြို့နယ်ကျေးရွာအဆင့်အတွက်ပါ လိုက်နာကျင့်သုံးစေလျက် ရှိကြောင်း လေ့လာသိရှိရပါတယ်။

            ၎င်းအပြင် အာဖရိကနိုင်ငံအတော်များများမှာလည်း အမျိုးသားအဆင့်အဆောက်အအုံများ ဆိုင်ရာကိုဓဥပဒေများ (National Building Codes) ပြဋ္ဌာန်းပြီး စနစ်ကျစွာ ကျင့်သုံးနိုင်ကြတဲ့အဆင့် ရရှိနေကြပြီ ဖြစ်ပါတယ်။ ဖော်ပြခဲ့တဲ့နိုင်ငံများနဲ့အတူ အခြားဖွံ့ဖြိုးဆဲ၊ ဖွံ့ဖြိုးပြီးနိုင်ငံများဟာ အပြည်ပြည်ဆိုင်ရာ အဆောက်အအုံ ကိုဓဥပဒေ (Internatioal Building Codes) အဖွဲ့အစည်းရဲ့ ပြဋ္ဌာန်းချက်များအပေါ် မှီငြမ်းလျက် မိမိနိုင်ငံနဲ့လိုက်ဖက်မယ့် ကိုဓဥပဒေများကို ပြဋ္ဌာန်းကျင့်သုံးလျက် ရှိကြပါတယ်။ ယင်းအဖွဲ့အစည်းကြီးဟာ အဆောက်အအုံဆိုင်ရာ ကိုဓဥပဒေပြဋ္ဌာန်းချက်များကို သုံးနှစ်လျှင် တစ်ကြိမ် ပြန်လည်သုံးသပ်ခြင်း၊ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းတို့ကို လုပ်ကိုင်လာခဲ့တာမှာ ၂၀၁၂ ခုနှစ်က ဆိုလို့ရှိရင် နောက်ဆုံးအကြိမ်အဖြစ် ပြုစုထုတ်ဝေခဲ့ပြီးလည်း ဖြစ်ပါတယ်။

            လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ရှေ့ပိုင်းမှာဆွေးနွေးခဲ့သလို နိုင်ငံတကာမှာ အဆင့်အတန်းအလိုက် အဆောက်အအုံဆိုင်ရာ ကိုဓဥပဒေများပြဋ္ဌာန်းကျင့်သုံးလျက် ရှိနေချိန်မှာ မြန်မာနိုင်ငံအနေနဲ့ မိမိနိုင်ငံနဲ့လိုက်ဖက်မယ့် မြန်မာနိုင်ငံအဆောက်အအုံဆိုင်ရာ ကိုဓဥပဒေ (Myanmar National Building Code)ကို ပြဋ္ဌာန်းကျင့်သုံးနိုင်ခြင်းမရှိသေးကြောင်း တွေ့ရှိရပါတယ်။ လက်ရှိမြန်မာနိုင်ငံမှာ အဆောက်အအုံဆိုင်ရာ ကိုဓဥပဒေများကို အဆောက်အအုံအဆင့်အတန်းအလိုက် ကျယ်ကျယ် ပြန့်ပြန့် ကျင့်သုံးနိုင်တဲ့ သတ်မှတ်အမျိုးသားအဆင့် (National Level) ကို မရရှိသေးပါ။ Level အလိုက် အပိုင်းများဖြင့် ခွဲခြားပြုစုပြဋ္ဌာန်းကျင့်သုံးနိုင်ရေး ‌ဆောင်ရွက်ရန်လိုအပ်ပါတယ်။

            ဥပမာအားဖြင့် တိုင်းဒေသကြီးများ၊ ပြည်နယ်များမှာ ရှိကြတဲ့  ကျေးလက်နဲ့မြို့ပြအချို့ရဲ့ လူနေအိမ်ရာ အများစုမှာ အင်ဂျင်နီယာတွက်ချက်မှုများဖြင့် တည်ဆောက်ထားခြင်းမရှိတာကြောင့် ဒေသနဲ့လိုက်ဖက်မယ့် အဆောက်အအုံဆိုင်ရာ ကိုဓဥပဒေများကိုပါ ကိုဓဥပဒေရဲ့အပိုင်းတစ်ပိုင်းအဖြစ် ပြုစုပြဋ္ဌာန်းရန် လိုအပ်ပါတယ်။ ရှေ့ပိုင်းမှာဆွေးနွေးခဲ့တဲ့ နီပေါနိုင်ငံဟာ အိန္ဒိယနိုင်ငံရဲ့ ကိုဓဥပဒေကို မှီငြမ်းကိုးကားပြီး ဖော်ပြပါ အဆင့်အတန်းမျိုးအတွက် မိမိနိုင်ငံသုံး ကိုဓဥပဒေအဖြစ် ပြဋ္ဌာန်း ကျင့်သုံးလျက် ရှိတာတွေ့ရှိရပါတယ်။

            ဥက္ကဋ္ဌကြီးခင်ဗျား။ အဆောက်အအုံ ကိုဓဥပဒေကို ဖွင့်ဆိုရပါလျှင် အဆောက်အအုံများဆိုင်ရာ စီမံကွပ်ကဲမှုနိယာမနှင့် ထိန်းချုပ်မှုဘောင်အတွင်း အာမံချက်ပေးသောဒီဇိုင်းပုံစံပြုခြင်း၊ တည်ဆောက် အကောင်အထည်ဖော်ခြင်း၊ နည်းစနစ်ပြန်လည်သုံးသပ်ပြောင်းလဲခြင်းနဲ့ ချို့ယွင်းမှု၊ ပြင်ဆင်မွမ်းမံခြင်းတို့ ပါဝင်သကဲ့သို့ နေထိုင်အသုံးပြုသူများနဲ့ ဆက်စပ်လူ့အဖွဲ့အစည်းပတ်ဝန်းကျင်တို့၏ လုံခြုံစိတ်ချရမှု၊ ကျန်းမာရေးနှင် လူနေမှုအရည်အသွေး မြင့်မားစေမှုတို့အတွက် အချိုးညီညီ စည်းစနစ်ကျနစွာ ဖန်တီးထားမှု ဖော်ပြပါရှိပြဋ္ဌာန်းချက်ပင် ဖြစ်ပါတယ်။ ကျွန်တော့်ရှေ့ပိုင်းတွင် ဆွေးနွေးခဲ့သလို မြန်မာနိုင်ငံအဆောက်အအုံဆိုင်ရာ ကိုဓဥပဒေကို ထုတ်ပြန်ပြဋ္ဌာန်းကျင့်သုံးခြင်း မရှိသေးသော်လည်းပဲ နိုင်ငံအတွင်းမှာ လွတ်လပ်ရေးမရရှိမီနဲ့ လွတ်လပ်ရေးရရှိသည့်နောက်ပိုင်း တစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့် သတ်သတ်မှတ်မှတ် တစ်ပြေးညီ ကျင့်သုံးနိုင်ခြင်းမရှိဘဲ ကျင့်သုံးမှု ကွဲပြားခြားနားလျက် ရှိကြတာတွေ့ရှိကြရမှာ ဖြစ်ပါတယ်။ လက်ရှိမှီငြမ်းကိုးကား ကျင့်သုံးလျက်ရှိတဲ့ ကိုဓဥပဒေများ codes ကို သိရှိရန်နှင့် ဒါကိုကျွန်တော် Slide (3) နဲ့ ကျွန်တော်ဖော်ပြထားပါတယ်။

            ဗြိတိသျှနဲ့အိန္ဒိယကိုဓဥပဒေများနှင့် စံချိန်စံညွှန်းများ (British Codes, India Codes and Specifications  ဌာနဆိုင်ရာကိုဓဥပဒေများ (Departmental Codes and Rules) မြို့တော် စည်ပင်သာယာရေးအဖွဲ့ ပြဋ္ဌာန်းချက်များ၊ နည်းဥပဒေနှင် စည်းမျဥ်းများ (City Development Committee’s By-Laws, Rules and Regulations) အဆောက်အအုံဒီဇိုင်းဆိုင်ရာ အမေရိကန် ကိုဓဥပဒေများ၊ စံချိန်စံညွှန်းများ (US Codes and specifications for Building Designs) စက်မှုနဲ့လျှပ်စစ်ပိုင်းဆိုင်ရာ ဗြိတိသျှကိုဓဥပဒေ၊ အမေရိကန်ကိုဓဥပဒေ စင်ကာပူကိုဓဥပဒေ (BS Codes, US Codes Singapore Cordes ဆိုပြီးတော့ ဒါတွေကိုပဲ ကျွန်တော်တို့ မှီငြမ်းကိုးကားပြီးတော့ အဆောက်အအုံကြီးများကို အကောင်အထည်ဖော်ဆောင်လျက်ရှိတာကို လေ့လာ တွေ့ရှိရပါတယ်။

            လေးစားအပ်ပါသော ဥက္ကဋ္ဌကြီး ခင်ဗျား။  နိုင်ငံတစ်နိုင်ငံရဲ့ အဆောက်အအုံပိုင်းဆိုင်ရာ ကိုဓဥပဒေကို ပြုစုရာမှာ ကျွန်တော်ရှင်းလင်းဆွေးနွေးခဲ့သလို အမေရိကန်နိုင်ငံအခြေစိုက် အပြည်ပြည် ဆိုင်ရာ ကိုဓဥပဒေကောင်စီ (International Code Council, Inc) လက်အောက်ရှိ အပြည်ပြည်      ဆိုင်ရာ အဆောက်အအုံကိုဓဥပဒေ (International Building Codes) ပါကဏ္ဍအလိုက် ခွဲခြား ပြဋ္ဌာန်းချက်များကို မိမိနိုင်ငံနဲ့လိုက်လျောညီထွေစွာ ပြဋ္ဌာန်းနိုင်ဖို့စဥ်းစားဆောင်ရွက်နိုင်ကြရပါမယ်။ လုပ်ငန်းကဏ္ဍ သို့မဟုတ် အတန်းအစားများကို ၂၀၀၉ ခုနှစ်အရ အများအားဖြင် အခန်း(၁၄)ခု ခွဲခြားထားတာ လေ့လာတွေ့ရှိ ရပါတယ်။ Slide (4) နှင် Slide 4(A) တို့ဖြင့်လည်းကောင်း ဖော်ပြထားပါတယ်။ Slide (4) မှာဆိုလို့ရှိရင် အသုံးပြုခြင်းနဲ့ နေထိုင်မှုအခြေအနေ (Use and Occupancy Classifications) နှင် ယင်းအတွက် အသေးစိတ်လိုအပ်ချက်တွေ Special Detailed Design Requiremnts Based ဟာ SN(1)နှင့်တကွ  နောက် အဆောက်အဦ အမြင့်နဲ့ အကျယ်အဝန်းတွေ (Building Heighs and Area) မီးဘေးခံနိုင်စွမ်း အဆင့်တည်ဆောက်မှု (Fire Resistance-Rated Construction) မီးဘေးကာကွယ်မှု ထည့်သွင်းစီစဥ်ထားမှုများ (Fire Protection System) သာမန်နဲ့အရေးပေါ်ဝင်လမ်း/ထွက်လမ်းများ ဆက်စပ်ပါဝင်မှု (Means of Egress)  အဆောက်အအုံနဲ့ဆက်စပ်ဖွဲ့စည်းမှု၊ လွယ်ကူစွာဆက်စပ် သွားလာနိုင်မှု (Accessibility) တို့ဖြစ်ကြပါတယ်။ 4(A) မှာဆိုရင် အပြင်ပိုင်းနံရံများလုံခြုံအာမခံနိုင်မှု (Exterior Walls) အမိုးနဲ့ အမိုးထိပ်ပိုင်း (Roof Assemblies and Roof of Top Structures) နောက် အဆောက်အအုံ ဒီဇိုင်းဆိုင်ရာစံချိန်စံညွှန်းများ (Structural of Design and Specifications) မြေအမျိုးအစား ဂုဏ်သတ္တိနဲ့ အုတ်မြစ်လုံခြုံ စိတ်ချရမှု (Soils and Foundations) နောက် သစ်သားထည် (Wood) ပလတ်စတစ် ပုံစံအမျိုးမျိုး (Plastic)  အရေးကြီးဆုံးကတော့ အများသုံးအခြေခံအဆောက်အအုံများနဲ့ ဆက်စပ်ချဉ်းကပ်မှု  (Encroachments into Public Right of Way) ဖြစ်ကြပါတယ်။

            အချိန်ကိုငဲ့ညှာသောအားဖြင့်လည်းကောင်း၊ ပညာရပ်ပိုင်းဆိုင်ရာအသေးစိတ်ပါဝင်၍ လည်း ကောင်း အခန်းတစ်ခုချင်းစီအလိုက် လွန်စွာကျယ်ပြန့်ပါတဲ့အတွက် ဆွေးနွေးခြင်း ကျွန်တော် မပြုတော့ ပါဘူး။

            ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော့်အနေနဲ့ ၁၄--၂၀၁၄ ရက်နေ့ ကျင်းပခဲ့တဲ့ ပထမအကြိမ် အမျိုးသားလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၂၇)ရက်မြောက်နေ့မှာ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်()မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ရီက အခြေခံအဆောက်အဦ များ အပေါ် ငလျင်၏သက်ရောက်မှုများစစ်ဆေးရန် အဆိုတင်သွင်းခဲ့ပါတယ်။ ယင်းအဆိုအပေါ်မှာ ကျွန်တော်ပါဝင် ဆွေးနွေးခဲ့တဲ့ လွတ်လပ်ရေးမရရှိမီနဲ့ နောက်ပိုင်းတည်ရှိအသုံးပြုဆဲဖြစ်တဲ့ ရုံးနဲ့လူနေ တိုက်တာ အဆောက်အဦများရဲ့ လုံခြုံစိတ်ချနိုင်မှုနဲ့ဆက်စပ်ပြီး မြန်မာနိုင်ငံအဆောက်အအုံများဆိုင်ရာ ကိုဓဥပဒေ ပြုစုပြဋ္ဌာန်းပေးရေးအဆိုကို တင်သွင်းနိုင်ရန် အစဉ်တစိုက်စဉ်းစားလာခဲ့ပါတယ်။ သို့သော် အကြောင်းအမျိုးမျိုးကြောင့် ဆောင်ရွက်နိုင်ခြင်းမရှိတဲ့ နောက်မှာ --၂၀၁၄ ရက်နေ့ ရန်ကုန်မြို့ကို ဗဟိုပြုပြီးတော့ ရစ်ချ်တာစကေး ()အဆင့်ရှိငလျင်နဲ့ --၂၀၁၄ မှာ ရန်ကုန်မှမိုင် (၈၀)အကွာ မြန်မာ့ပင်လယ်ပြင်ကို ဗဟိုပြု၍ ရစ်ချ်တာစကေး (.) အဆင့်ရှိ ငလျင်()ခု လှုပ်ခတ်သွားခဲ့တာကြောင် သိသာထင်ရှားတဲ့ ပျက်စီးမှုများ မဖြစ်ပေါ်ခဲ့သော်လည်းပဲ အရည်အသွေးနိမ့် လူနေအဆောက်အဦအချို့ အပေါ် သက်ရောက်မှုရှိခဲ့တာ တွေ့ရှိရပါတယ်။ ငလျင်သဘာဝအန္တရာယ်ဟာ ဒီထက်မက ပြင်းအားဖြင့် အင်အား ပြင်းပြင်း ခြိမ်းခြောက်လာပါက အထူးအလေးထားဂရုပြုကြရန်နှင့် နိုင်ငံတော်နဲ့ပြည်သူအတွက် အဆောက်အအုံဆိုင်ရာ ကိုဓဥပဒေဟာ မည်မျှအရေးကြီးတယ်ဆိုတာ တင်ပြရတဲ့ အကြောင်းရင်း ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

            ကျွန်တော့်အနေနဲ့သုံးသပ်လိုတာကတော့ အထပ်နိမ့်၊ အထပ်မြင့်အဆောက်အအုံများရဲ့ ခိုင်ခံ့ စိတ်ချရမှုဟာ ဟောင်းသည်၊ သစ်သည်တို့အပေါ်မှာ မူမတည်ဘဲနဲ့ ဆောက်လုပ်ခဲ့စဉ် လိုက်နာကျင့်သုံး ရမယ့် ပြဋ္ဌာန်းချက်များ (Codes, Rules and Regulations) စံချိန်စံညွှန်းများ (Technical Specifications, Santards) စသည့်အတိုင်း ဆောင်ရွက်၍ လုပ်ငန်းအရည်အသွေး ထိန်းချုပ်မှု အောက်တွင် ရှိ/မရှိနဲ့ သက်တမ်းအတိုင်းအတာတစ်ခုအထိ လုပ်ငန်းအရည်အသွေးအပေါ်မှာ အာမခံမှု (Quality Control and Quality Assurance) တို့ဟာ ယနေ့နိုင်ငံတကာမှာ ကျင့်သုံးလျက် ရှိတဲ့အတိုင်း မှီတည်တယ်ဆိုတာကို တင်ပြခြင်းဖြစ်ပါတယ်။

            လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ငလျင်ဟာ အခြားသဘာဝဘေးအန္တရာယ်များ ြဖစ်ကြတဲ့ မုန်တိုင်း (Cyclone) ရေကြီးမှု (Flood) မြေလျှောဆင်းမှု (Landslides) ဆူနာမီ လှိုင်းလုံး (Sunami) မီးဘေး စသည်တို့နဲ့မတူဘဲ မည်သည့်အချိန်မည်သည့်နေရာတွင် ပြင်းအား မည်မျှဖြင့်လှုပ်ခတ်မည်ကို နိုင်ငံတကာ ပညာရှင်များက ယနေ့အထိ တိကျစွာမခန့်မှန်းနိုင်ကြသေးပါ။ ဒါကြောင့် ငလျင်နဲ့ဆက်စပ်ဖြစ်ပေါ်မှုကို ခြုံငုံလေ့လာသိရှိနိုင်ရန် ဆက်လက်တင်ပြသွားမှာဖြစ်ပါတယ်။ ယခင် ဦးခင်မောင်ရီ လာအဆိုတင်ပြခဲ့စဉ်တုန်းကလည်း ကျွန်တော့်အနေနဲ့ ငလျင်နဲ့ပတ်သက်တဲ့ power point များကို ပြသခဲ့ပြီးဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ငလျင်ဇုန်အတွင်းကျရောက်နေပြီး ငလျင်နဲ့လည်း ကင်းကွာ၍ မရသောနိုင်ငံဖြစ်ပါတယ်။ Alpide Earthquake Belt  ဟာ မြေထဲပင်လယ်မြောက်ပိုင်း တူရကီ၊ အီရန်၊ အာဖဂန်နစ္စတန်၊ ပါကစ္စတန်၊ အိန္ဒိယမြောက်ပိုင်း၊ မြန်မာနိုင်ငံ၊ ကပ္ပလီ ကျွန်းစုများမှသည် အင်ဒိုနီးရှားနိုင်ငံအထိ ဆက်စပ်အကျုံးဝင်လျက် ရှိနေပါတယ်။

            ကမ္ဘာ့ငလျင် အန္တရာယ်ပြပုံမှာ မြန်မာနိုင်ငံရဲ့အနေအထားကို slide (5) နဲ့ slide (6)တို့ဖြင့် ပြသထားပါတယ်။ ဒီအနီရောင်နဲ့ အညိုရောင်တွေဟာဆိုရင် ပြင်းအားအလွန်ပြင်းထန်တဲ့ ငလျင်ဇုန် များဖြစ်ကြပါတယ်။ Peak Ground Acceleration ဟာဆိုရင် (.) မှ (.) အထိလည်းကောင်း၊ (.) မှ (၁၀) အထိလည်းကောင်း ရှိတယ်ဆိုတာကို ကျွန်တော်တို့ တင်ပြလိုပါတယ်။ နောက် မြန်မာနိုင်ငံရဲ့ Geomorphology and Tectonic Setting  ပြပုံကိုလည်း slide (7) နဲ့ ကျွန်တော်ပြသထားပါတယ်။

            မြန်မာနိုင်ငံအနောက်ရိုးမ Western Foldbelt မှာဆိုရင် ကဘော်ပြတ်ရွေ့ ဆိုတာရှိပါတယ်။ ကျွန်တော်တို့ အလယ်ပိုင်းမြစ်ဝှမ်းမှာဆိုရင် စစ်ကိုင်းပြတ်ရွေ့ နဲ့အရှေ့ရိုးမ၊ ရှမ်းပြည်နယ်ဘက်မှာဆိုရင် ကျောက်ကြမ်း၊ ဖာပွန်၊ ပြတ်ရွေ့များဟာ ကျွန်တော်တို့နိုင်ငံ ငလျင်တွေ ဖြစ်ပေါ်စေခဲ့တဲ့ အခြေခံများ ဖြစ်ပါတယ်။ ဒါ့အပြင် စစ်ကိုင်းပြတ်ရွေ့နဲ့ ၎င်းပြတ်ရွေ့အပေါ်တည်ရှိကြတဲ့ အဓိကမြို့ကြီးများကိုလည်း slide (8) နဲ့ ဖော်ပြထားပါတယ်။

            ကျွန်တော်တို့နိုင်ငံရဲ့ အထက်ဆုံးပိုင်းကတော့ ရွှေဘိုဒေသ၊ ကျောက်ဆည်ဒေသ၊ ပျဉ်းမနားဒေသ၊ ပဲခူးဒေသနဲ့ ရန်ကုန်ဒေသများကို ဖော်ပြထားတဲ့ပုံများ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ငလျင်ပြင်းအားအလိုက် ဖော်ပြပါ နောက်ဆုံးပြုစုထားတဲ့ Seismic Zone Map ပါ  slide (9) နဲ့ ကျွန်တော်တို့ တင်ပြလိုပါတယ်။ ဒီမှာဆိုလို့ရှိရင်လည်း ကိုယ်စားလှယ်တော်ကြီးများက မိမိတို့ရဲ့ ဒေသများမှာ ဒီအရောင်များဟာ ဘယ်ဒေသအတွင်းကျတယ်ဆိုတာ သိရှိနိုင်ကြပါတယ်။ ကျွန်တော်တို့ ဒါ ဧရာဝတီမြစ်နဲ့အပြိုင်  ပဲခူးပြတ်ရွေ့ဟာ မြန်မာနိုင်ငံတောင်ပိုင်း၊ အဲဒီကနေ မြန်မာနိုင်ငံမြောက်ဖျားအထိ ရောက်အောင် နီညိုရောင်များနဲ့ ကျွန်တော်တို့ဖြတ်သန်းပြီးတော့ တည်ရှိနေတဲ့အတွက်  ဒီငလျင်ဟာ မည်မျှ အန္တရာယ်ကြီးမားတယ်ဆိုတာကို ကျွန်တော်တို့ တွေ့ရှိနိုင်မှာဖြစ်ပါတယ်။ နမူနာတစ်ခုအနေနဲ့ ၁၉၆၄ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့မှာ ကျွန်တော်တို့ ငလျင်ပြင်းအား (.) နဲ့လှုပ်ခဲ့လို့မို့လို့ အောက်ခံအုတ်မြစ်ခံနိုင်ဝန် Liquefaction (ဒုံပေါက်ခြင်းကြောင့်ဖြစ်ပေါ်ခဲ့လို့ ဂျပန်နိုင်ငံ (Niigata) ရှိတဲ့ အထပ်မြင့်အဆောက်အဦများ ပြိုလဲကျတဲ့ပုံကို slide (10) နဲ့ ကျွန်တော်တို့ပြသထားပါတယ်။ ဒါ ပြင်းအား (7.4) နဲ့ပြိုလဲတာဖြစ်ပါတယ်။ ယနေ့ ကမ္ဘာမှာ ကြုံတွေ့နေရတဲ့ ငလျင်အန္တရာယ်၊ မုန်တိုင်းအန္တရာယ် တို့ကို ဖော်ပြတဲ့ပုံကိုလည်း slide (11) နဲ့ ကျွန်တော် တင်ပြထားပါတယ်။ အစိမ်းရောင်တွေကတော့ မုန်တိုင်းတွေရဲ့အခြေအနေကို ဖော််ပြထားတာပါ။

            လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ယနေ့မြန်မာနိုင်ငံဒေသအသီးသီးမှာ အထပ်နိမ့်၊ အထပ်မြင့်လူနေအဆောက်အဦကြီးများ၊ စီးပွားရေးနဲ့ဆက်စပ်အဆောက်အဦကြီးများ၊ ဟိုတယ်ကြီးများကို အကောင်အထည်ေဖာ်ဆောင်ရွက်ကြရာမှာ နိုင်ငံပေါင်းစုံမှ ကုမ္ပဏီကြီးငယ်များ ပါဝင်လျက် ရှိကြပြီးတော့ နိုင်ငံများကွဲပြားကြတဲ့အလျောက် Japan Codes, Korea Codes, Singapore Codes, China Codes, India Codes, Malaysia Codes, Vietnam Codes စသည်တို့ဖြင် အစိတ်အပိုင်းတစ်ရပ် သို့မဟုတ် (Partial) တစ်ခုလုံးပြည့်ဝစွာ မှီငြမ်းကျင့်သုံးသည်မှာ ရှောင်ကွင်း၍ ရမည်မဟုတ်ဟု ယူဆပါတယ်။ လက်ရှိ၎င်းနိုင်ငံများနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့အတွက် ဖြစ်ပါတယ်။ စီးပွားရေး တွက်ခြေကိုက်မှု တစ်ခုတည်းကိုသာ ရှေ့တန်းတင်ပြီး ကိုဓဥပဒေပြဋ္ဌာန်းချက်များဟာ တိကျစွာ မလိုက်နာဘဲလျှော့ပေါ့ခြင်း (Relaxed) နှုတ်ပယ်ခြင်း၊ ချန်လှပ်ခြင်း၊ စံချိန်စံညွှန်းဖြင့် အဆင့်မမှီခြင်း၊ လုပ်ငန်းအရည်အသွေးအဆင့်မမှီခြင်း စသည်တို့ကို ကျင့်သုံးကြဖွယ်ရာ ရှိတယ်လို့ သုံးသပ်လိုပါတယ်။ လုပ်ငန်းအရည်အသွေးထိန်းချုပ်မှု ကော်မတီအနေနဲ့လည်း တချို့အားနည်းချက်တွေကို ယင်းကုမ္ပဏီ များဟာ ထောက်ပြခဲ့ပြီး ဖြစ်ပါတယ်။

            ဒါကြောင့်တစ်ဘက်မှာလည်း တတိယအဖွဲ့အစည်းအနေနဲ့ ကမ္ဘာပေါ်တွင်ရှေးအကျဆုံးနဲ့ မြန်မာနိုင်ငံအတွက် အကျွမ်းတဝင်ရှိပြီးတဲ့ British Codes / US Codes များကို အသုံးပြုစစ်ဆေးနိုင်ဖွယ် ရှိမယ်လို့လည်း မျှော်လင့်ထားပါတယ်။

            သို့ဖြစ်ပါ၍ မြန်မာနိုင်ငံအတွင်း ကျင့်သုံးမှု တစ်ပြေးညီ ရှိစေရေးနဲ့ မိမိနိုင်ငံရဲ့ရေမြေသဘာဝ၊ ပတ်ဝန်းကျင် ပထဝီအနေအထားယဉ်ကျေးမှုစရိုက်လက္ခဏာများ ထိန်းသိမ်းရေး၊ လူမှုစီးပွား ပတ်ဝန်းကျင် စသည်တို့နဲ့ လိုက်လျောညီထွေ ရှိမယ့် မြန်မာနိုင်ငံ အဆောက်အအုံဆိုင်ရာ ကိုဓဥပဒေ (Myanmar National Building Codes) ကို ပြုစုထုတ်ဝေ၍ ကိုဓဥပဒေ ပြဋ္ဌာန်းချက်များပါအတိုင်း လိုက်နာကျင့်သုံးစေရေး ဆောင်ရွက်နိုင်ပါရန် အဆိုကို လေးစားစွာဖြင့် တင်ပြအပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ရှိပါတယ်။

အချိန်၊  ၁၁း၂၇။