နိုင်ငံတော်အတွင်း ကြေးနီမိုင်းတူး၍ ဖြစ်ပေါ်လာသော ကျင်းချိုင့်ကြီးများ၏ အန္တရာယ်ကို ကြိုတင်ကာကွယ်ဆောင်ရွက်နိုင်ရေး ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်းအဆို


ယနေ့ ကမ္ဘာမှာ သတ္တုတွင်းများ တူးဖော်ထုတ်လုပ်ခြင်းနဲ့ပတ်သက်ပြီးတော့ ၂၀၀၂ ခုနှစ်မှာ G 8 အစည်းအဝေးကို လန်ဒန်မှာ ကျင်းပပြုလုပ်ပါတယ်။ ဒီအစည်းအဝေးမှာ ဗြိတိသျှ ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲကနေပြီးတော့ EITI အဖွဲ့ကို စတင်ဖွဲ့စည်းခဲ့ပါတယ်။ ဒီအဖွဲ့ဟာ ယနေ့ နော်ဝေးနိုင်ငံမှာ နိုင်ငံပေါင်း ၄၁ နိုင်ငံနှင့် ဖွဲ့စည်းပြီးတော့ သတ္တုတူးဖော်မှုနှင်‌့ပတ်သက်ပြီး တော့ စနစ်တကျနှင့် ထင်သာမြင်သာရှိဖို့အတွက် တွန်းအားပေးဆောင်ရွက်နေတဲ့ အဖွဲ့အစည်းဖြစ်ပါ တယ်။ ကျွန်တော့်အနေနဲ့ သတ္တုတူးဖော်မှုနှင့်ပတ်သက်ပြီးတော့ နိုင်ငံတော်အတွင်း ကြေးနီမိုင်းတူး၍ဖြစ်ပေါ် လာသော ကျင်းချိုင့်ကြီးများရဲ့အန္တရာယ်ကို ကြိုတင်ကာကွယ်ဆောင်ရွက်နိုင်ရေး ပြည်ထောင်စုအစိုးရ သို့ တိုက်တွန်းကြောင်းအဆိုကို တင်သွင်းသွားမှာ ဖြစ်ပါတယ်။

            ဥက္ကဋ္ဌကြီးခင်ဗျား။ ကြေးနီမိုင်းတူးခြင်းဟာ အဓိကအားဖြင့် ကြေးနီတူးဖော်ထုတ်လုပ်ခြင်းဖြစ် သော်လည်း ရွှေ၊ ငွေနှင့် အခြားသတ္တုများလည်း ထုတ်လုပ်နိုင်ပါတယ်။ ဒီလိုမိုင်းတူးတဲ့အခါမှာ မြေအောက်ဥမင်လှိုဏ်ခေါင်းကို ဖောက်ပြီးတော့ တူးတဲ့ Underground Mining နှင့်အမိုးဖွင့် ချိုင့်ဝှမ်းအဖြစ်တူးတဲ့ Open Pit Type တူးတဲ့ Mining ဆိုပြီးတော့ နှစ်မျိုးရှိပါတယ်။ ကမ္ဘာမှာ  များသောအားဖြင့် ဒုတိယအမျိုးအစားက ကုန်ကျစရိတ်သက်သာပြီးတော့ အန္တရာယ်နည်းတဲ့အတွက် ကြောင့် အသုံးများကြပါတယ်။ အမိုးဖွင့်ချိုင့်ဝှမ်းအဖြစ်တူးဖော်တဲ့အခါမှာ ဖြစ်ပေါ်လာတဲ့၊ ကြီးမားတဲ့ ချိုင့်ဝှမ်းကြီးတွေကို Open Pit လို့လည်းကောင်း၊ ရေတွေပြည့်လာပြီးတော့ ကျင်းချိုင့်ရေအိုင်အဖြစ်နဲ့ ဖြစ်လာတဲ့ ရေကန်တွေကို Pit Lake ဆိုပြီးတော့ ခေါ်ကြပါတယ်။ ဒီကျင်းချိုင့်ရေတွေဟာ ပတ်ဝန်းကျင် အတွက် ကြီးမားပြီးတော့ ပြင်းထန်တဲ့ဆိုးကျိုးတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒီကျင်းချိုင့်ရေပုပ်အိုင်မှာ ရေတွင်ပျော်ဝင်နေတဲ့ အောက်ဆီဂျင်နဲ့ သတ္တုယမ်းတွေ ကျင်းချိုင့်ရဲ့ ကျောက်သားနံရံကနေထွက်လာ တဲ့ ပါလပိုက်၊ ဆာလဖိုက်သတ္တုကို ဆွေးမြေ့စေပြီးတော့ အက်စစ်များကို ဖြစ်ပေါ်စေပါတယ်။ ပုံမှာ ကျွန်တော်တို့ တင်ပြထားတဲ့အတိုင်း ဒီကျင်းချိုင့်ရေအိုင်ကြီးများကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ဒီလိုနဲ့ ကျင်းချိုင့်ရေပုပ်အိုင်ကြီးဟာ ငရဲမီးတွေပါဝင်တဲ့ အန္တရာယ်ရှိစေတဲ့ ဓာတုဗေဒပစ္စည်းတွေဖြစ်တဲ့ အက်စစ်နှင့် ကယ်ဒမီယံ၊ သွပ်၊ ဆာလဖျူရစ်အက်စစ် စတဲ့ အများအပြားပါဝင်ကြောင်းလည်း တွေ့ရှိရ ပါတယ်။ ဒီကျင်းချိုင့်ရေပုပ်အိုင်ကြီးများဟာ ပတ်ဝန်းကျင်မှာရှိတဲ့ သက်ရှိသတ္တဝါတွေ၊ အပင်တွေ အားလုံးကို မခန့်မှန်းနိုင်လောက်အောင် အန္တရာယ်များကိုဖြစ်ပေါ်စေမှာဖြစ်ပါတယ်။ ဒါကတော့ ကျွန်တော်တို့ အမေရိကန်မှာရှိတဲ့ ဘတ်ဒေသက ဘာကလေကျင်းချိုင့်ရေအိုင်တွေဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်လို့ ဥပမာတင်ပြရရင် ဒီကျင်းချိုင့်ရေအိုင်က အမေရိကန်နိုင်ငံ၊ မွန်ဒါနားပြည်နယ်အနောက် တောင်ဘက်မှာရှိပြီးတော့ ဘတ်ဒေသ ဘာကလေ ကျင်းချိုင့်အိုင်လို့ ဆိုပါတယ်။ ဒီဒေသမှာ ကမ္ဘာပေါ် မှာရှိတဲ့ ရွှေ၊ ငွေ၊ ကြေးနီအများဆုံးထွက်ပါတယ်။ ဘတ်ဒေသဟာ ပထမကမ္ဘာစစ်ပြီးတဲ့နောက်ပိုင်းမှာ လူဦးရေ ငါးသောင်းလောက်နေနိုင်ပြီးတော့ နောက်ဆုံးမှာ ဘတ်ဒေသဟာ နှစ်ပေါင်း ၇၀ လောက်မှာ ဒီလှိုဏ်ခေါင်းစနစ်နှင့် တူးတဲ့အန္တရာယ်ကို ကျရောက်ခဲ့တာကို လေ့လာတွေ့ရှိရပါတယ်။ ၁၉၅၅ ခုနှစ် မှာ စတင်လာပြီးတော့ ကျင်းတွေကျယ်လာပါတယ်။ ၁၉၆၀ ပြည့်နှစ်မှာ အနားမှာရှိတဲ့ မြို့ကြီးနှစ်မြို့ကို ဝါးမျိုသွားခဲ့ပါတယ်။ ၁၉၈၂ ခုနှစ်မှာ ၂၇ နှစ်ကြာလာတဲ့အတွက်ကြောင့် မိုင်းတူးခြင်းရဲ့ဆိုးကျိုးအဖြစ် နဲ့ ဥမင်လှိုဏ်ခေါင်း မိုင်ပေါင်း တစ်သောင်းကျော်လောက်နှင့် တစ်မိုင်ရှည်ပြီးတော့ မိုင်ဝက်ကျယ်ပြီး အနက်ပေ ၁၇၈၀ ပေနက်တဲ့ ဘာကလေချိုင့်ကြီးကို တင်ပြပါအတိုင်း ကြာမြင့်ခဲ့တာကို တွေ့ရမှာဖြစ်ပါ တယ်။ ဒီချိုင့်ကြီးဟာ မြေဧရိယာ ၆၇၅ ဧက၊ ကြေးနီ တန်ချိန်သန်းပေါင်း ၃၂၀၊ အညစ်အကြေး‌ ေကျာက်တုံးတန်ချိန် သန်း ၇၀၀ ထွက်ခဲ့ပါတယ်။ ဒီရေပုပ်အိုင်ကြီးကနေ တင်ပြခဲ့တဲ့အတိုင်း အန္တရာယ် ဖြစ်စေတဲ့ အာဆင်းနစ်၊ ကယ်လမီယံ၊ သွပ်၊ ဆာလဖျူရစ်အက်စစ် စသဖြင့် ဒါတွေထွက်ရှိလာပါတယ်။ လုပ်ငန်းပြီးဆုံးလို့ စွန့်ပစ်ထားတဲ့ မြေအောက်ကနေ ရေတွေစိမ့်ဝင်ပြီးတော့ ကျင်းချိုင့်ထဲမှာ တစ်လမှာ တစ်ပေနှုန်း၊ တစ်ပေနှုန်း ‌ရေတွေမြင့်တက်လာပါတယ်။ ငရဲမီးတွေပါတဲ့အတွက်ကြောင့် ရေပုပ်အိုင် အတွင်းမှာ ဂါလန်ပေါင်း ၂၆ ဘီလီယံလောက် ရောက်ရှိနေတာကို တွေ့ရပါတယ်။ ၁၉၈၂ ခုနှစ်ကနေ ၁၉၉၅ ခုနှစ်အတွင်းမှာ ပိုမိုပြီးတော့ဆိုးရွားလာတာကိုလည်း လေ့လာတွေ့ရှိရပါတယ်။ လွန်ခဲ့တဲ့နှစ် အနည်းငယ်မှာ ဒီရေကန်ထဲကိုရောက်လာတဲ့ ဘဲငန်းအုပ် ၃၄၂ ကောင် သေဆုံးပါတယ်။ ဒီဘဲငန်းအုပ် ကို လေ့လာကြည့်တဲ့အခါမှာ ဘဲငန်းရဲ့ခန္ဓာကိုယ်အတွင်းမှာ အက်စစ်တွေစားပြီးတော့ မီးလောင်ဒဏ် ရာနဲ့ ပြည်တည်တာကြောင့် သေဆုံးခြင်းဖြစ်ကြောင်း လေ့လာတွေ့ရှိရပါတယ်။ ဒီအခြေအ‌ေနမြင့်တက် လာမှုအတွက် အမေရိကန်နိုင်ငံအနေနဲ့ ရေပုပ်တွေကိုတစ်မိနစ်မှာ ဂါလန် ၃၀၀၀၀ လောက်အထိ စက်တွေနဲ့စုပ်ပါတယ်။ နောက်ဆုံးမနိုင်တဲ့အတွက်ကြောင့် ၁၈ ဘီလီယံအကုန်ခံပြီးတော့ ရေသန့်စက် များထူထောင်ပြီးတော့ ပြန်လည်လုပ်နေပါတယ်။ ၂၀၂၃ ခုနှစ်မှာ အားလုံးရေသန့်အဖြစ် ပြောင်းလဲ မယ်လို့ သိရပါတယ်။

            အလားတူ အမေရိကန်နိုင်ငံမှာလည်း အလားတူပဲ ကျွန်တော်တို့ မင်ဂရာမိုင်းနင်းချိုင့်ကြီးရှိပါ တယ်။ သူလည်းအလားတူ ပတ်ဝန်းကျင်ကို များစွာထိခိုက်ပျက်စီးတဲ့အတွက်ကြောင့် ကျွန်တော် အသေးစိတ်တော့ မတင်ပြတော့ပါဘူး။ ဒါနဲ့အလားတူ ကျွန်တော်တို့မြန်မာနိုင်ငံမှာ ဖားကန့်ဒေသ၊ မိုင်းရှူးဒေသ၊ ရမည်းသင်းဒေသ၊ မော်ချီးဒေသ၊ ထားဝယ်ဒေသနှင့် စစ်ကိုင်းတိုင်းဒေသတွေမှာ ကျောက်မိုင်း၊ ရွှေမိုင်းတွေရှိပါတယ်။ ဒီထဲမှာ ဥပမာထုတ်နှုတ်ပြီးတော့ တင်ပြရရင် စစ်ကိုင်းတိုင်းဒေသ ကြီးအတွင်း မုံရွာကြေးစင်တောင်ဟာ ၁၉၉၀ ပြည့်နှစ်မှာ မိုင်းတူးခြင်းစတင်ခဲ့ပါတယ်။ ဒီကြေးနီမိုင်းမှာ အမိုးဖွင့် စနစ်နဲ့တူးပါတယ်။ စံပယ်တောင်ကြေးနီမိုင်းတူးခြင်းကတော့ ပြီးစီးပြီးတော့ စံပယ်ချိုင့်ဝှမ်း တွေ စတင်ဖြစ်ပေါ်နေတာကို လေ့လာတွေ့ရှိရမှာဖြစ်ပါတယ်။ ကြေးစင်တောင်လည်း ဆောင်ရွက်ဆဲ ဖြစ်ပြီးတော့ လက်ပံတောင်းတောင်ကတော့ စီမံဆဲပဲဖြစ်ပါတယ်။ ဒီနေရာမှာ အနာဂတ်နိုင်ငံတော် အတွက် စဉ်းစားသုံးသပ်မှုမှာ တန်ဖိုးရှိပြီးတော့ အရေးပါကြဖို့လိုမယ်လို့ တွေ့မြင်ရပါတယ်။ စံပယ် တောင်နှင့် ကြေးစင်တောင်သတ္တုစီမံကိန်းကို မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နှင့် ကုမ္ပဏီတစ်ခုဖြစ် တဲ့ မြန်မာယန်စီကုမ္ပဏီတို့ကနေ ဆောင်ရွက်တာဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့မှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုရပါတယ်။ ၂၀၁၁ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့မှာ ၂၅ နှစ်သက်တမ်းနှင့် ဧက ပေါင်း ၆၂၅၃.၀၄ ဧကကို လုပ်ခွင့်ရပါတယ်။ တစ်လမှာ သတ္တုယမ်းတန်ချိန် ရှစ်သန်းထွက်ပြီးတော့ စွန့်ပစ်မယ့်မြေဇာကနေ သတ္တုယမ်းတန်ချိန် တစ်သန်းခွဲထုတ်ယူမှာဖြစ်ပါတယ်။ တစ်ရက်မှာ ကြေးနီ တန်ချိန် ၇၀၊ တစ်လမှာ တန်ချိန် ၂၁၀၀ အထိ ရရှိမှာဖြစ်ပါတယ်။ ကျွန်တော် ဒီအဆိုကိုတင်သွင်းတဲ့ ဧပြီလ ၁၈ ရက်နေ့မှာ ကြေးနီတစ်တန် တန်ဖိုးဟာ ၆၆၄၇ ဒေါ်လာဖြစ်တဲ့အတွက်ကြောင့် တစ်ရက်မှာ သိန်းပေါင်း လေးသိန်းကျော် ထုတ်ယူရမှာဖြစ်ပါတယ်။ နေ့စဉ် ရေဂါလန်ပေါင်းများစွာ စွန့်ပစ်မြေ ပေါင်းများစွာရှိတဲ့အတွက်ကြောင့် နောင်အနာဂတ်မှာ ကျွန်တော်တို့နိုင်ငံအတွက် အန္တရာယ်များစွာ ဖြစ်စေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီထဲကနေပြီးတော့ ရေသန့်တွေကိုတော့ ယမားချောင်းကို ပို့ပါတယ်။ ကျန်တဲ့ ရေတွေကို PH Level ကိုက်အနေနဲ့ ကွမ်းပင်တွေစိုက်ပျိုးတယ်၊ ငါးတွေမွေးတာကို လုပ်ပါတယ်။ သို့သော် လောလောဆယ်မှာတော့ အန္တရာယ်မရှိသေးသော်ငြားလည်း အနာဂတ်မှာ ကျွန်တော် တင်ပြသလို အခြားနိုင်ငံများရဲ့ ကျင်းများလိုပဲ အန္တရာယ်ဖြစ်လာမှာကို တွေ့ရှိရပါတယ်။

            လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ နိုင်ငံတော်အနေနဲ့လည်း စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ အတွက် သတ္တုသယံဇာတတူးဖော်ခြင်းလုပ်ငန်းတွေကို လုပ်ကိုင်ကြရဦးမှာဖြစ်ပါတယ်။ ဒီနေရာမှာ သဘာဝပတ်ဝန်းကျင်မထိခိုက်ဖို့အတွက် မြန်မာနိုင်ငံရဲ့ ကြေးနီမိုင်းတွေကို ကျွန်တော် ဥပမာပေးတင်ပြ ခဲ့တဲ့ ဘာကလေနဲ့ ဘန်ကန်ကြေးနီမိုင်းတွေရဲ့သင်ခန်းစာယူဖို့လိုပါတယ်။ အခြားနိုင်ငံတွေရဲ့ အတွေ့ အကြုံရယူပြီးတော့ ကြိုတင်ပြင်ဆင်မှုတွေမလုပ်ဖူးဆိုရင် အခုတင်ပြသွားတဲ့ စံပယ်တောင်၊ ကြေးစင် တောင်၊ လက်ပံတောင်းတောင်နှင့် အခြားဒေသမှာရှိတဲ့ ကျင်းချိုင့်ရေအိုင်ကြီးများသည် နောင်အနှစ် ၃၀ မှာ အက်စစ်အဖြစ်ပြောင်းလဲပြီးတော့ မြန်မာနိုင်ငံအတွင်းမှာစီးဆင်းနေတဲ့ ဧရာဝတီမြစ်၊ ချင်းတွင်း မြစ် ဒီနေရာမှာ ဝင်ရောက်ပြီးတော့မှ သက်ရှိတွေကို အန္တရာယ်ပေးမှာဖြစ်ပါတယ်။ အနာဂတ်ကာလ မျိုးဆက်တွေအတွက် အန္တရာယ်ကို ကြိုတင်သိရှိနေပါလျက်နှင့် လက်ရှိအတိုင်းထားမယ်ဆိုရင် နိုင်ငံတော်အတွက် အန္တရာယ်ရှိပါတယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့ နိုင်ငံတော်အတွင်း ကြေးနီ မိုင်းတူး၍ ဖြစ်ပေါ်လာသော ကျင်းချိုင့်ကြီးများရဲ့ အန္တရာယ်ကို ကြိုတင်ကာကွယ်ဆောင်ရွက်နိုင်ရေး ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်းအဆိုအား ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် လေးစား စွာဖြင့် တင်သွင်းရင်း နိဂုံးချုပ်အပ်ပါတယ်ခင်ဗျား။

ဆွေးနွေးချက်မရှိသေးပါ။