ပွင့်လင်းမြန်မာ့ရှေ့ဆောင်၏ လွှတ်တော်လေ့လာစောင့်ကြည့်ရေး အစီရင်ခံစာ အမှတ် (၄)

ပွင့်လင်းမြန်မာ့ရှေ့ဆောင်၏ လွှတ်တော်လေ့လာစောင့်ကြည့်ရေး အစီရင်ခံစာ အမှတ် (၄)

ပွင့်လင်းမြန်မာ့ရှေ့ဆောင်၏ လွှတ်တော်လေ့လာစောင့်ကြည့်ရေး အစီရင်ခံစာ အမှတ် (၄)

ပြည်ထောင်စုအဆင့် လွှတ်တော်များ၏ ဒဿမပုံမှန်အစည်းအဝေးကို အရေအတွက်ပြ သုတေသနနည်းဖြင့် လေ့လာထားသည့် ပွင့်လင်းမြန်မာ့ရှေ့ဆောင်၏ အစီရင်ခံစာအမှတ် (၄) ကို ပွင့်လင်းမြန်မာ့ရှေ့ဆောင်၏ ၀က်ဘ်ဆိုဒ် omimyanmar.org တွင် ဒေါင်းလုဒ်ရယူနိုင်ပါပြီ။

ယခုအစီရင်ခံစာတွင် ၁၀ ကြိမ်မြောက်ပုံမှန်အစည်းအဝေးအတွင်း မေးခွန်းမေးမြန်းမှု၊ အဆိုတင်သွင်းမှုများ၊ လွှတ်တော်ကိုယ်စား၏ အစည်းအဝေးတက်ရောက်မှုများ၊၂၀၁၄ ခုနှစ်အထိ လွှတ်တော်မှ အတည်ပြုပြဌာန်းသော ဥပဒေများစာရင်း ပါဝင်မည်ဖြစ်ပါသည်။

၂၀၁၅ ခုနှစ် ဇွန်လ ၂ ရက်နေ့  ညနေ ၂ နာရီမှ ၃ နာရီအတွင်း ပွင့်လင်းမြန်မာ့ရှေ့ဆောင်တွင် အဆိုပါအစီရင်ခံစာနှင့် ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်မည်ဖြစ်ပြီး၊ အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် အစီရင်ခံစာ စာအုပ်ကို မီဒီယာများထံ ဖြန့်ဝေပေးသွားမည်ဖြစ်ပါသည်။

ပွင့်လင်းမြန်မာ့ရှေ့ဆောင်သည် လွှတ်တော်အစည်းအ၀ေး ပထမအကြိမ်မှ ဆဌမအကြိမ်အထိ မေးခွန်းများ လေ့လာချက်အစီရင်ခံစာ၊ အဆိုများ လေ့လာချက်အစီရင်ခံစာနှင့် သတ္တမအကြိမ်မှ နဝမအကြိမ်အထိ မေးခွန်းနှင့်အဆိုများ လေ့လာချက်အစီရင်ခံစာစသည့် အစီရင်ခံစာသုံးစောင်ကို ထုတ်ဝေခဲ့ပြီးဖြစ်ပါသည်။ အဆိုပါအစီရင်ခံစာများကိုလည်း omimyanmar.org/resources တွင် ဒေါင်းလုဒ်ရယူနိုင်ပါသည်။