Blog Page

သတင်းစဉ် ၃

သတင်းစဉ် ၃

ပွင့်လင်းမြန်မာ့ရှေ့ဆောင်သည် မြန်မာနိုင်ငံသားများ၏ သိခွင့်သိလမ်း မိတ်ဆက်ခြင်း အခမ်းအနားကို ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ (၁၉) ရက် ညနေ (၃) နာရီတွင် ပွင့်လင်းမြန်မာ့ရှေ့ဆောင်ရုံးတည်ရှိရာ အမှတ် (၈၂)၊ အင်းစိန်လမ်း၊ အမှတ် (၉) ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

Read more

သတင်းစဉ် ၂

သတင်းစဉ် ၂

ပွင့်လင်းမြန်မာ့ရှေ့ဆောင်သည် “ဒေသန္တရအုပ်ချုပ်ရေးနှင့်ခေါင်းဆောင်မှုပညာဆိုင်ရာအသိပညာပေး ဆရာဖြစ်သင်တန်း” ကို ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ (၁၀) ရက်ကြာ စီစဉ် ဖွင့်လှစ်ခဲ့ပါသည်...

Read more

သတင်းစဉ်

သတင်းစဉ်

ပွင့်လင်းမြန်မာ့ရှေ့ဆောင်သည် “ဒေသန္တရအုပ်ချုပ်ရေးနှင့်ခေါင်းဆောင်မှုပညာဆိုင်ရာအသိပညာပေးဆရာဖြစ် သင်တန်း” ကို ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ (၁၀) ရက်ကြာ စီစဉ်ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါသင်တန်းသို့ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေ သကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ သင်တန်းသား၊သင်တန်းသူ စုစုပေါင်း (၂၇) ဦး တက်ရောက်ခဲ့ကြပါသည်။ အဆိုပါသင်တန်းတွင် သက်ဆိုင်ရာ ဆရာ၊ဆရာမ အသီးသီးက ခေါင်းဆောင်မှုပညာနှင့် ဒေသန္တရအုပ်ချုပ်ရေး အပါအဝင်ဘာသာရပ် (၃) မျိုးကို သင်ကြားပေးခဲ့ကြပါသည်။ ပွင့်လင်းမြန်မာ့ရှေ့ဆောင်အကြံပေးအဖွဲ့ဝင်တစ်ဦးဖြစ်သော ဦးကိုကိုကြီးမှ သင်တန်းဖွင့်ပွဲအမှာစကားပြောကြားနေစဉ်။ မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံအမတ်ကြီး၊ပွင့်လင်းမြန်မာ့ရှေ့ဆောင်မှ တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများ။ “ပရဟိတစိတ်ဓာတ်နှင့်လူ” ခေါင်းစဉ်ဖြင့်လာရောက်ဟောပြောခဲ့သော ဒေါ်ဆွေဇင်ထိုက်နှင့် သင်တန်းသား၊ သင်တန်းသူများ။ ဦးကိုကိုကြီးမှ ဒေသန္တရအုပ်ချုပ်ရေးဘာသာရပ်ကို သင်ကြားပို့ချနေစဉ်။ ...

Read more

RTK ORCHID

RTK ORCHID

ပွင့်လင်းမြန်မာ့ရှေ့ဆောင် အများပြည်သူ သိခွင့်သိလမ်းဆိုင်ရာ ဥပဒေပေါ်ပေါက်ရေးဆွေးနွေးပွဲနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက် ၂၈၊ ဖေဖော်ဝါရီ၊ ၂၀၁၅ ပွင့်လင်းမြန်မာ့ရှေ့ဆောင်သည် အများပြည်သူ သိခွင့်သိလမ်းဆိုင်ရာ အခြေအနေများ ပိုမိုမြင့်တင်ရန်နှင့် အများပြည်သူ သိခွင့်သိလမ်းကို အာမခံချက်ပေးသည့် ဥပဒေတစ်ရပ်ရှိရန် လိုအပ်သည်ဟု ယုံကြည်သဖြင့် အရပ်ဘက်အဖွဲ့အစည်းများ၊ သက်ဆိုင်ရာ နယ်ပယ်အလိုက် အဖွဲ့အစည်းများ၊ ကျွမ်းကျင်ပညာရှင်များ ပါဝင်သော ဆွေးနွေးပွဲတစ်ရပ်ကို ပထမဆုံး စတင်ကျင်းပခဲ့ပါသည်။ မြန်မာနိုင်ငံ၏ သိခွင့်သိလမ်းဆိုင်ရာ အခြေအနေများ၊ ပွင့်လင်းမြန်မာ့ရှေ့ဆောင်သည် အများပြည်သူ သိခွင့်သိလမ်းဆိုင်ရာ အခြေအနေများ ပိုမိုမြင့်တင်ရန်နှင့် အများပြည်သူ သိခွင့်သိလမ်းကို အာမခံချက်ပေးသည့် ဥပဒေတစ်ရပ်ရှိရန် လိုအပ်သည်ဟု ယုံကြည်သဖြင့် အရပ်ဘက်အဖွဲ့အစည်းများ၊ သက်ဆိုင်ရာ နယ်ပယ်အလိုက် အဖွဲ့အစည်းများ၊ ကျွမ်းကျင်ပညာရှင်များ ပါဝင်သော ဆွေးနွေးပွဲတစ်ရပ်ကို ပထမဆုံး စတင်ကျင်းပခဲ့ပါသည်။ မြန်မာနိုင်ငံ၏ သိခွင့်သိလမ်းဆိုင်ရာ အခြေအနေများ၊ ထည့်သွင်းစဉ်းစားရန်အချက်များ၊ သိခွင့်သိလမ်းဆိုင်ရာ ဥပဒေတစ်ရပ်ကို အကောင်အထည်ဖော်ရာတွင် ပါဝင်သင့်သူများကို ဆွေးနွေးခဲ့ကြသည်။ ပွင့်လင်းမြန်မာ့ရှေ့ဆောင်သည် အများပြည်သူ သိခွင့်သိလမ်းကို အာမခံချက်ပေးမည့် ဥပဒေများ ပေါ်ပေါက်ရေးနှင့် နိုင်ငံသားများ သတင်းအချက်အလက် လွတ်လပ်စွာ ရရှိနိုင်ရေးကို မြှင့်တင်ရန်အတွက် အလေးထား ဆောင်ရွက်နေသည့်အားလျော်စွာ ဥပဒေပြုရေးဖြစ်စဉ်တွင်လည်းကောင်း၊ လွတ်လပ်စွာ သတင်းအချက်အလက် ရရှိခွင့်ကို မြႇင့်တင်ရာတွင်လည်းကောင်း အရပ်ဘက်အဖွဲ့စည်းများ၊ သက်ဆိုင်ရာ နယ်ပယ်လိုက် အဖွဲ့အစည်းများနှင့် နိုင်ငံသားများ၏ တစ်ပြေးညီ ပူးပေါင်းဆောင်ရွက်မှုကို ပုံဖော်ရန်အတွက် “အများပြည်သူ သိခွင့်သိလမ်းဆိုင်ရာ ဆွေးနွေးပွဲ” ကို ပထမဆုံးအကြိမ်အဖြစ် စီစဉ်ပြုလုပ်ခဲ့ပါသည်။ ရန်ကုန်မြို့ Orchid Hotel တွင် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ပြုလုပ်သော ဆွေးနွေးပွဲသို့ အရပ်ဘက်အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ နယ်ပယ်အလိုက် အထူးပြုအဖွဲ့အစည်းများမှ (၄၃) ဦး တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲသို့ မီဒီယာများနှင့် စိတ်ပါဝင်စားသူများ အပါအဝင် စုစုပေါင်း ၈၂ ဦးတက်ရောက်ခဲ့ကြသည်။ ပွင့်လင်းမြန်မာ့ရှေ့ဆောင် အမှုဆောင်ဒါရိုက်တာ ဦးအေးကျော်က အများပြည်သူ သိခွင့်သိလမ်းဆိုင်ရာ ဆွေးနွေးမှုများတွင် မည်သည့်ပုဂ္ဂိုလ်များပါဝင်သင့်သည် မည်သည့်အချက်များ ပါဝင်သင့်သည်ဟူသည့်အချက်ကို ပွင့်လင်းစွာ ဝင်ရောက်ဆွေးနွေးကြပါရန် ဖိတ်ခေါ်ခဲ့သည်။

Read more