Blog Page

လွှတ်တော်ခရီးနီးသလား

လွှတ်တော်ခရီးနီးသလား

မှတ်တမ်းဌာန တာ၀န်ရှိသူနဲ့တွေ့တော့ အစည်းအဝေးမှတ်တမ်းစာအုပ်တွေ စာပေဗိမာန်ကနေတစ်ဆင့် ရောင်းချတာနဲ့ ပတ်သက်ပြီး ပြောဖြစ်ပါတယ်။ အလုပ်မဖြစ်ဘူးဆိုတာတော့ သူလည်း သိပုံပါပဲ။ သူ့စားပွဲပေါ်မှာ လွန်ခဲ့တဲ့တစ်ရက်က လွှတ်တော်အစည်းအဝေးမှတ်တမ်းအကြမ်းကို အသံဖိုင်ကနေ စာဖိုင်ပြောင်းပြီးသား တွေ့ရပါတယ်။ အရင်တုန်းကတော့ အစည်းအဝေးမှတ်တမ်းစာအုပ်တစ်အုပ် ထွက်ဖို့ တစ်နှစ်နီးပါး ကြာခဲ့ဖူးတဲ့ လွှတ်တော်ရဲ့ လုပ်ငန်းတွေ ပိုပြီး မြန်လာနေပြီလို့ ထင်ရပါတယ်။ အဲ့ဒိမှတ်တမ်းထဲက စာတွေသာ မဲဆန္ဒရှင်တွေဆီ တစ်နေ့ချင်း ပို့ပေးနိုင်ရင်တော့ ပိုကောင်းမှာလို့ ကျွန်တော်တို့ နေ့ခင်းကြောင်တောင်ကြီး အိမ်မက်မက်ကြပါတယ်။ ကျွန်တော်တို့ရဲ့ အဲ့ဒိ နေ့အိမ်မက်ကြီး တကယ်ဖြစ်လာအောင်တော့ ကျွန်တော်တို့ ကြိုးစားနေကြပါပြီ။

Read more

ပထမပုံမှန်အစည်းအဝေးမှ ဆဌမပုံမှန်အစည်းအဝေးအတွင်း လွှတ်တော်အခင်းအကျင်း

ပထမပုံမှန်အစည်းအဝေးမှ ဆဌမပုံမှန်အစည်းအဝေးအတွင်း လွှတ်တော်အခင်းအကျင်း

ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များထဲမှ ၄၆ ဦးသည် အစိုးရအဖွဲ့တွင် ပါ၀င်ရန် ရွေးချယ်ခန့်အပ်ခြင်းခံခဲ့ရသည့်အတွက် လွှတ်တော်များအတွင်း ရွေးကောက်ခံ ကိုယ် စားလှယ်ဦးရေသည် အမျိုးသား လွှတ်တော်တွင် ၁၆၂ ဦးနှင့် ပြည်သူ့လွှတ်တော်တွင် ၂၈၅ ဦးထိသို့ ထပ်မံလျော့ကျသွားခဲ့ ရသည်။ ယင်းနောက် ၂၀၁၂ ခုနှစ်တွင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပခဲ့သော်လည်း လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း ၄၃ ဦးသာ ရွေးကောက်တင်မြှောက်နိုင်ခဲ့သည်ဖြစ်ရာ လွှတ်တော် တွင်း ရွေးကောက်ခံကိုယ်စားလှယ်များ၏ အချိုးအစားမှာ မူလ သတ်မှတ်ထားသည့် အရေအတွက်ကို ယခုတိုင် ပြည့်မီခဲ့ခြင်း မရှိခဲ့ပါ။ လွှတ်တော် စတင်ခေါ်ယူ သည့် ၃၁ ရက်၊ ဇန်န၀ါရီလ၊ ၂၀၁၁ ခုနှစ်မှစ၍ ဆဌမအကြိမ် ပုံမှန်အစည်းအဝေးများ ပြီးစီးချိန် အထိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁ ဦး ကွယ်လွန် အနိစ္စ ရောက်ခဲ့သည်ကိုလည်း တွေ့ရှိရသည်။ ရွေးကောက်ခံ လွှတ် တော်ကိုယ်စားလှယ်များအဖြစ် ဆဌမပုံမှန် လွှတ်တော် အစည်း အဝေးများတွင် တက်ရောက်ခွင့်ရှိသည့် ရွေးကောက်ခံ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်ဦးရေ ၃၁၉ ဦး၊ ရွေးကောက်ခံ အမျိုး သားလွှတ်တော် ကိုယ်စားလှယ် ၁၆၆ ဦး၊ ထို့ကြောင့် ပြည် ထောင်စုလွှတ်တော်တွင် တက်ရောက်ခွင့်ရှိသည့် ရွေးကောက်ခံ ကိုယ်စားလှယ်ပေါင်း ၄၈၅ ဦး ကျန်ရှိကြောင်း တွေ့ရပါသည်။

Read more

လတ်တော်လေ့လာစောင့်ကြည့်ရေး - ကြယ်ပွင့်ပြမေးခွန်းများအားလေ့လာခြင်း

လတ်တော်လေ့လာစောင့်ကြည့်ရေး - ကြယ်ပွင့်ပြမေးခွန်းများအားလေ့လာခြင်း

လွှတ်တော်ကိုယ်စားလှယ်များကို စောင့်ကြည့်လေ့လာရာ တွင် လွှတ်တော်တစ်ရပ်၏ အင်္ဂါရပ်များဖြစ်သည့် ကိုယ်စားပြု ခြင်း၊ ဥပဒေပြုခြင်း၊ အစိုးရအား ထိန်းကျောင်းစိစစ်ခြင်း၊ အစိုးရ အား တရား၀င် ဖြစ်စေခြင်းနှင့် နိုင်ငံရေးအရ လေ့ကျင့်ပျိုးထောင်မှု ပေးခြင်း တို့အနက် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးချင်းစီ၏ ကိုယ်စားပြုခြင်း၊ ဥပဒေပြုခြင်း၊ အစိုးရအား ထိန်းကျောင်းစိစစ် ခြင်းစွမ်းဆောင်ရည်များကို ရရှိနိုင်သော အချက်အလက်များပေါ် တွင် အကဲဖြတ်သွားရန် ဖြစ်ပါသည်။ ထိုသို့ အချက်အလက်များ ကောက်ယူရာမှ လွှတ်တော်၏ လုပ်ငန်းဆောင်တာများဖြစ်သော ဥပဒေပြုမှု၊ မေးခွန်းမေးမြန်းမှုနှင့် အဆိုတင်သွင်းမှုတို့ကို ထိ ရောက်စွာ ဆောင်ရွက်နိုင်ခြင်း ရှိမရှိ တိုင်းတာနိုင်မည့် အကျိုးရလဒ်များ ထွက်ပေါ်လာမည် ဖြစ်သည်။

Read more

လွှတ်တော်စောင့်ကြည့်ရေး အစီရင်ခံစာ အမှတ် (၁) ဒေါင်းလုဒ်ရယူနိုင်ပြီ

လွှတ်တော်စောင့်ကြည့်ရေး အစီရင်ခံစာ အမှတ် (၁) ဒေါင်းလုဒ်ရယူနိုင်ပြီ

ပွင့်လင်းမြန်မာ့ရှေ့ဆောင်မှ ဖေဖော်၀ါရီလတွင် ထုတ်ေ၀သည့် လွှတ်တော်လေ့လာစောင့်ကြည့်ရေး အစီရင်ခံစာ အမှတ် (၁) ကို ဤနေရာတွင် ဒေါင်းလုဒ်ရယူနိုင်ပြီဖြစ်ပါသည်။

Read more

မေတ္တာရပ်ခံချက် (၂)

မေတ္တာရပ်ခံချက် (၂)

ပွင့်လင်းမြန်မာ့ရှေ့ဆောင်မှ ထုတ်ပြန်ထားသော လွှတ်တော်စောင့်ကြည့်လေ့လာရေး အစီရင်ခံစာ အမှတ် (၁) ကို နိုင်ငံရေးပါတီများ၊လူမှုရေးအဖွဲ့အစည်းများ၊ နိုင်ငံရေးအဖွဲ့အစည်းများ၊ စာကြည့်တိုက်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊သတင်းဌာနများအား အခမဲ့ဖြန့်ချိပေးသွားမည် ဖြစ်ပါသောကြောင့် ပွင့်လင်းမြန်မာ့ရှေ့ဆောင်ရုံးသို့ လာရောက်ထုတ်ယူနိုင်ပါသည်။

Read more