သတင်းစဉ် ၃

သတင်းစဉ် ၃

သတင်းစဉ် ၃

ပွင့်လင်းမြန်မာ့ရှေ့ဆောင်သည် မြန်မာနိုင်ငံသားများ၏ သိခွင့်သိလမ်း မိတ်ဆက်ခြင်း အခမ်းအနားကို ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ (၁၉) ရက် ညနေ () နာရီတွင် ပွင့်လင်းမြန်မာ့ရှေ့ဆောင်ရုံးတည်ရှိရာ အမှတ် (၈၂)၊ အင်းစိန်လမ်း၊ အမှတ် () ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

 

အဆိုပါအခမ်းအနားသို့ သတင်းမီဒီယာသမားများ အပါအဝင် စိတ်ပါဝင်စားသူ (၅၃) ဦးခန့် တက်ရောက်ခဲ့ပါသည်။

 

အဆိုပါအခမ်းအနားတွင် ပွင့်လင်းမြန်မာ့ရှေ့ဆောင်မှ ရေးသားပြုစုသော မြန်မာနိုင်ငံသားများ၏ သိခွင့်သိလမ်းဆိုင်ရာ အခြေအနေများစာတမ်းနှင့် အများပြည်သူသိခွင့်သိလမ်းဆိုင်ရာ အဓိက အခြေခံမူ ()ချက် စာတမ်းတို့ကို အခမ်းအနားတက်ရောက်လာသူများအား ဖြန့်ဝေပေးခဲ့ပါသည်။


 

မြန်မာနိုင်ငံသားများ၏ သိခွင့်သိလမ်း မိတ်ဆက်စကားများကို ပွင့်လင်းမြန်မာ့ရှေ့ဆောင်၏ အကြံပေးအဖွဲ့ဝင် ဦးကိုကိုကြီးနှင့် ပွင့်လင်းမြန်မာ့ရှေ့ဆောင်၏ အမှုဆောင်ဒါရိုက်တာ ဦးအေးကျော်တို့မှ အသီးသီး ပြောကြားခဲ့ပြီးနောက် သတင်းမီဒီယာများ၏ မေးမြန်းမှုများကို သုတေသနဌာန လက်ထောက်ဒါရိုက်တာ ဦးထင်ကျော်အေး မှ ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ပါသည်။ 

ပွင့်လင်းမြန်မာ့ရှေ့ဆောင် အကြံပေးအဖွဲ့ဝင် ဦးကိုကိုကြီးမှ မြန်မာနိုင်ငံသားများ၏ သိခွင့်သိလမ်း မိတ်ဆက် စကားပြောကြားနေစဉ်

 

 

ပွင့်လင်းမြန်မာ့ရှေ့ဆောင်၏ အမှုဆောင်ဒါရိုက်တာ ဦးအေးကျော်မှ မြန်မာနိုင်ငံသားများ၏ သိခွင့်သိလမ်း မိတ်ဆက်စကား ပြောကြားနေစဉ်


 

 

မြန်မာနိုင်ငံသားများ၏ သိခွင့်သိလမ်း မိတ်ဆက်ခြင်း အခမ်းအနားသို့ တက်ရောက်လာကြသူများ

 

The Messenger Journal မှ သတင်းထောက်တစ်ဦးမှ သိလိုသည်များကို မေးမြန်းနေစဉ်

 

5 Plus ရုပ်မြင်သံကြားဌာနမှ ရုပ်/သံ မှတ်တမ်း ရိုက်ကူးစဉ်

 

Eleven Media မှ သတင်းထောက်တစ်ဦး

သတင်းမီဒီယာသမားများ၏ မေးမြန်းမှုများကို ပွင့်လင်းမြန်မာ့ရှေ့ဆောင် အကြံပေးအဖွဲ့ဝင် ဦးကိုကိုကြီးမှ ပြန်လည်ဖြေကြားပေးနေစဉ်

 

 

သတင်းမီဒီယာသမားများ၏ မေးမြန်းမှုများကို ပွင့်လင်းမြန်မာ့ရှေ့ဆောင် သုတေသနဌာန လက်ထောက်ဒါရိုက်တာ ဦးထင်ကျော်အေးမှ ပြန်လည်ဖြေကြားပေးနေစဉ်