သတင်းစဉ် ၂

သတင်းစဉ် ၂

သတင်းစဉ် ၂

ပွင့်လင်းမြန်မာ့ရှေ့ဆောင်သည် “ဒေသန္တရအုပ်ချုပ်ရေးနှင့်ခေါင်းဆောင်မှုပညာဆိုင်ရာအသိပညာပေး ဆရာဖြစ်သင်တန်း” ကို ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ (၁၀) ရက်ကြာ စီစဉ် ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါ သင်တန်းသို့ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ဧရာဝတီ တိုင်းဒေ သကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ သင် တန်းသား၊သင်တန်းသူ စုစုပေါင်း (၂၇) ဦး တက်ရောက်ခဲ့ကြပါသည်။

အဆိုပါသင်တန်းသား၊သင်တန်းသူများနှင့် ပွင့်လင်းမြန်မာ့ရှေ့ဆောင်အဖွဲ့ဝင်များသည် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်အစည်းအဝေး ကျင်းပနေပုံကိုလည်းကောင်း၊ ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ပြည်သူ့လွှတ်တော်အစည်းအဝေးကျင်းပနေပုံကိုလည်းကောင်း တက် ရောက်လေ့လာခဲ့ကြပါသည်။

နေပြည်တော်ခရီးစဉ်အတွင်း၌ သင်တန်းသား၊သင်တန်းသူများနှင့် ပွင့်လင်းမြန်မာ့ရှေ့ဆောင်အဖွဲ့ဝင် များသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးသို့လည်း သွားရောက်လေ့လာခဲ့ကြပြီး ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက သင်တန်းသား၊သင်တန်းသူများ သိလိုသ မျှကို ရှင်းလင်းဖြေကြားပေးခဲ့ပါသည်။

အဆိုပါခရီးစဉ်အတွင်း သင်တန်းသား၊သင်တန်းသူများနှင့် ပွင့်လင်းမြန်မာ့ရှေ့ဆောင်အဖွဲ့ဝင်များ သည် အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်တို့မှ ကိုယ်စားလှယ်အချို့နှင့် နေပြည်တော် စည်ပင်ဧည့်ရိပ်သာဝန်းအတွင်းရှိ စားရိပ်သာတွင် တွေ့ဆုံခဲ့ကြပြီး သိရှိလိုသည်များကို ရင်းနှီးပွင့် လင်းစွာမေးမြန်းဆွေးနွေးခဲ့ကြပါသည်။

သင်တန်းသူများနှင့် ပွင့်လင်းမြန်မာ့ရှေ့ဆောင်အဖွဲ့ဝင်များကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးရှေ့၌ တွေ့ရစဉ်။

 

ပွင့်လင်းမြန်မာ့ရှေ့ဆောင်သင်တန်းရေးရာဌာန ဒါရိုက်တာဦးရဲအောင်မှ မေးမြန်းဆွေးနွေးနေစဉ်။

 

ချင်းပြည်နယ်၊မတူပီမြို့မှ သင်တန်းသားတစ်ဦးက မေးမြန်းဆွေးနွေးနေစဉ် (ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်)

 

 

 

ပြည်သူ့လွှတ်တော်ကို်ယ်စားလှယ် ဦးခိုင်မောင်ရည်နှင့် သင်တန်းသား၊သင်တန်းသူများ တွေ့ဆုံဆွေး နွေးနေကြစဉ်။

 

 

 

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသိမ်းဆွေနှင့်သင်တန်းသား၊သင်တန်းသူများ တွေ့ဆုံဆွေးနွေး နေကြစဉ်။

 

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြင့်နိုင်နှင့် သင်တန်းသား၊သင်တန်းသူများ တွေ့ဆုံ ဆွေးနွေးနေကြစဉ်။

 

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်ခင်စန်းလှိုင်နှင့် သင်တန်းသား၊သင်တန်းသူများ တွေ့ဆုံဆွေး နွေးနေကြစဉ်။

 

 

ပြည်ထောင်စုလွှတ်တော်ဧည့်ခန်းမဆောင်၌ သင်တန်းသား၊သင်တန်းသူများအား လွှတ်တော်တာ ဝန်ရှိသူများက ရှင်းလင်းပြောကြားနေစဉ်။

 

 

ပြည်သူ့လွှတ်တော်၌ ဒေါ်အောင်ဆန်းစုကြည်နှင့် အမှတ်တရဓါတ်ပုံရိုက်ကူးစဉ်။