စစ်ကိုင်းတိုင်းဒေသကြီး၊ ဇီးကုန်းမြို့တွင် Voter Education (TOT) သင်တန်း ဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ဇီးကုန်းမြို့တွင် Voter Education (TOT) သင်တန်း ဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ဇီးကုန်းမြို့တွင် Voter Education (TOT) သင်တန်း ဖွင့်လှစ်

၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ (၅) ရက်နေ့မှ (၇) ရက်နေ့အထိ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့၊ ရွှေဖောင်ဦး ပရိယတ္တိ စာသင်တိုက်တွင် ပွင့်လင်းမြန်မာ့ရှေ့ဆောင်မှ စီစဉ်ပြုလုပ်သည့် Voter Education (TOT) Training မဲဆန္ဒရှင် အသိပညာပေးသင်တန်းကို ကျွန်းလှမြို့နယ်၊ ပင်လည်ဘူးမြို့နယ်၊ ဝန်းသိုမြို့နယ်၊ တန့်ဆည်မြို့နယ်၊ ကသာမြို့နယ်၊ ရေဦးမြို့နယ်၊ ခင်ဦးမြို့နယ်၊ ကောလင်းမြို့နယ်၊ ထီးချိုင့်မြို့နယ်၊ ဒီပဲယင်းမြို့နယ်၊ ကန့်ဘလူမြို့နယ်၊ အင်းတော်မြို့နယ်၊ ရွှေဘိုမြို့နယ်နှင့် ဗန်းမောက်မြို့တို့မှ သင်တန်းသား (၃၀) ဦးဖြင့် ဖွင့်လှစ် သင်ကြားခဲ့ပါသည်။